ေ
ငြစကၠဴ အတုမ်ား
ပြည်တွင်း၌ ပျံ့နှံ့လာမှုကို တားဆီးရန် နိုင်ငံတော် အစိုးရနေဖြင့်
စစ်ဆင်ရေး တစ်ရပ် ဆောင်ရွက် သင့်ကြောင်း စီးပွားရေး ပညာရှင် များက
ပြောကြားသည်။ ငွေစက္ကူ အတုများ ပြည်တွင်း၌ ပျံ့နှံ့မှုများ လာပါက ကျပ်ငွေအပေါ်
လူထု၏ ယုံကြည်မှုလျော့နည်း သွားပြီး စီးပွားရေး လုပ်ငန်းများတွင်
အခက်အခဲများ ကြုံတွေ့ လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ လူမှုစီးပွား
အကြံပေးကောင်စီဝင် စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က
ပြောကြားသည်။
“ဘယ်က လာတယ် ဆိုတာကို အကြောင်းအရင်း ရှာပြီး ထိထိရောက်ရောက် အရေးယူဆောင်
ရွက်ဖို့ အရေးကြီးတယ်” ဟု စီးပွားရေး ပညာရှင် ဦးလှမောင်ကလည်း ပြောသည်။
ငါးထောင်တန် အတုနှင့် သက်ဆိုင်သော သတင်းများ ယခုနှစ် နှစ်ပိုင်းအတွင်း
ပိုအတွေ့များ လာသည်။ ကျပ်ငါးထောင်တန်၊ တစ်သောင်းကျပ်တန် အတုများကို
ပြုလုပ်ရာတွင် ပုံသဏ္ဍာန်မျိုးစုံနှင့် ပြုလုပ်ကြပြီး ရောင်စုံမိတ္တူ
ကူးစက်ဖြင့် ပြုလုပ်ပါက သိသာ ထင်ရှားစွာ ခွဲခြားနိုင်သည်။ သို့သော်
အဆင့်မြင့်စက်ကြီးများဖြင့် ထုတ်လုပ်ထားပါက ငွေစက္ကူ အစစ်အတု ခွဲခြားသည့်
ဌာနမှ ကျွမ်းကျင်သူများ ကသာ သိနိုင်ကြောင်း မှုခင်းစုံစမ်းရေး ဌာန (CID) မှ
အငြိမ်းစား ရဲမှူးတစ်ဦးက ရှင်းပြသည်။
“ထိုင်းနိုင်ငံက ၀င်လာတဲ့ ငါးထောင်တန် အတုတွေကိုတော့ ခဏခဏ ဖမ်းမိတယ်။
ဟိုအရင် တုန်းကလည်း တော်တော် များများ မိဖူးတယ်” ဟု နေပြည်တော်မှ
မှုခင်းစုံစမ်းရေး ဌာနအောက်ရှိ ငွေအတုစစ်ဆေးရေး ဌာနမှ ရဲအရာရှိ
တစ်ဦးကပြောသည်။ ထိုင်းနိုင်ငံ နယ်စပ်မှ ၀င်လာသော ငါးထောင်တန်ငွေအတုများကို
နယ်စပ်များနှင့် မြို့ပေါ်တွင် မကြာခဏဖမ်းမိပြီး ရန်ကုန်မြို့ပေါ်တွင်
ငါးထောင်တန်အတု ရွက်ရေအများဆုံး တစ်ရာဝန်းကျင် အထိ ဖမ်းမိဖူးကြောင်း အထက်ပါ
ပုဂ္ဂိုလ်ကဆိုသည်။ ထိုင်းနိုင်ငံ နယ်စပ်၌ သာမက တရုတ်နိုင်ငံ နယ်စပ်မှလည်း
ငါးထောင်တန် အတုဝင်ရောက် မှုများ ရှိခဲ့သည်။
ယခုနှစ် ဧပြီ ၂၈ ရက်တွင် ဖားကန့်မှ ကျောက်စိမ်းများ ၀ယ်ယူရန် ငါးထောင်
ကျပ်တန်အတု ၉၇၇ ရွက်(၄၈သိန်းကျော်)နှင့် ဧပြီ ၁၂ ရက်က အရွက်ရေ ခြောက်ထောင်
(သိန်း၃၀၀)ကျပ်နှင့် တစ်သောင်း ကျပ်တန် ၁၀၆၅ ရွက် (၁၀၆ သိန်းကျော်)တို့ကို
မြစ်ကြီးနားမြို့တွင် ဖမ်းဆီး မိခဲ့သည်။ ထို့အပြင် ဖားကန့်မြို့နယ်နေ
သူတစ်ဦးက ငါးထောင် ကျပ်တန် အရွက် ၈၀၀ ကို ပခုက္ကူ ဘဏ်ခွဲသို့ လွှဲရာတွင်
ငါးထောင်တန် အတု အရွက် ၅၀(တန်ဖိုးနှစ် သိန်းခွဲကျပ်) ကို ဘဏ်မန်နေဂျာနှင့်
ပူးပေါင်းစစ်ဆေးတွေ့ ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်
စာမျက်နှာတွင် ဖော်ပြထားသည်။
ထားဝယ်မြို့နယ်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းတွင်လည်း မေ ၂၁ ရက်က
မြန်မာငွေစက္ကူအတု ကျပ်တစ်ထောင်တန်အရွက်တစ်ရာနှင့် ငါးရာကျပ်တန် ၁၉၄
ရွက်တို့ ကို စစ်ဆေးတွေ့ရပြီး ထိုင်းနိုင်ငံသားနှင့်
ထိုင်းနိုင်ငံသူနှစ်ဦးကို ထားဝယ်မြို့မရဲစခန်းတွင်(ပ)၁၈၂ /၂၀၁၃ ပြစ်မှုပုဒ်မ
၄၈၉(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
၎င်းငွေအတုများနှင့် ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
မှော်ဘီမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အင်းစိန်မြို့နယ်တို့တွင်
ငွေစက္ကူတုများဖမ်းဆီးမိခဲ့သည်။မှော်ဘီမြို့နယ်တွင်
နွားအရောင်းအ၀ယ်ပြုလုပ်ရာ၌ ငါးထောင်ကျပ်တန်အတုများပါဝင်လာခြင်း၊
အင်းစိန်မြို့နယ်တွင်သစ် ၀ယ်ယူရာ၌လည်း ငွေစက္ကူအတုများပါဝင်လာခြင်းဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကားပွဲစားခပေးရာမှ
အတုများပါဝင်လာခြင်းဖြစ်ပြီး အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
“ငွေစက္ကူအတုဖမ်းမိရင် မီးခိုးကြွက်လျှောက်လိုက်ဖို့လိုတယ်။ ဒါ
ကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုပဲ” ဟု ဦးလှမောင်ကဆိုသည်။
အစိုးရက ဖမ်းဆီးရမိပါက မူရင်းဒေသကို မဖြစ်မနေဖော်ထုတ်
အရေးယူရန်လိုအပ်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြောကြားသည်။ “ဒါက ဘယ်မှာလုပ်တယ်ဆိုတာ
နိုင်ငံတော်အနေနဲ့ လေ့လာစစ်ဆေးရမယ်။ ဟိုဘက်နိုင်ငံမှာ လုပ်တယ်ဆိုရင်လည်း
နှစ်နိုင်ငံ စကားပြောသင့်ပြောရမယ်” ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
ငွေအတုအစစ်ခွဲခြားရန် ခွဲခြားနည်း များကို နိုင်ငံတော်ဗဟိုဘဏ်မှလည်း
မကြာခဏထုတ်ပြန်ပေးသင့်ကြောင်း စီးပွားရေးပညာရှင်များကဆိုသည်။
ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတုများတွေ့ရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့်
ပူးပေါင်း၍အရေးယူမှုများရှိကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲမှ
တာဝန်ရှိသူတစ်ဦးကဆိုသည်။ “တစ်ရွက်တလေပါလာရင်တော့ သုံးမရအောင်
ထက်ပိုင်းဖြဲပြီး စာရင်းနဲ့တကွပြန်ပေးမယ်။ ဆယ်ရွက် ၁၅
ရွက်ပါလာပြီဆိုရင်တော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး
အရေးယူမှုတွေ ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
ငွေစက္ကူအတုများနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ
အရာရှိနှစ်ဦးပါဝင်ပတ်သက်မှုများရှိသည့်အတွက် တစ်ဦးကို စစ်ဆေးအရေးယူနေကြောင်း
ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က
ပြောကြားဖူးသည်။ ၎င်းအရာရှိနှစ်ဦးမှာ တရုတ်နိုင်ငံရှိ
ငွေအတုထုတ်လုပ်သည့်လုပ်ငန်းတွင် ရှယ်ယာဝင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း
၎င်းကပြောသည်။
“စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ မကြာခင်မှာ အရေးယူမှုတွေ လုပ်ပါမယ်”
ဟု ဗိုလ်ချုပ် ဂွမ်မော်ကငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မေ ၃၀ ရက်တွင်
သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊
ရင်ကျန်းမြို့တွင် ငါးထောင်ကျပ်တန်အတု အရွက်တစ်ရာကို
ကျပ်ငါးသောင်းကျပ်နှင့် ရောင်းချမှုများရှိကြောင်း မူဆယ်မြို့မှ
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ယင်းကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုပ်ငန်းရှင်များမှာ
ကားခရှင်းရာမှာပင် ငွေအတုအစစ်ခွဲခြားသည့်စက်များ အသုံးပြုနေရကြောင်း
၎င်းကဆိုသည်။ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့နေသည့် အစိုးရဘဏ်များနှင့်
ပုဂ္ဂလိကဘဏ်များတွင် ငွေစက္ကူအတု အနည်းငယ်တွေ့ရှိပါက
တစ်ဝက်ဖြဲ၍ယူပြီးတစ်ဝက်ကိုပြန်ပေးခြင်း၊ ငွေစက္ကူကို သုံးမရေအောင်
အပေါက်များဖောက်ခြင်းတို့ပြုလုပ်ပြီး ပိုင်ရှင်အားပြန်ပေးသည်။
ထို့ကြောင့် မိမိထံတွင် ငါးထောင်တန်အတုရောက်နေပါက အစားထိုး
ပြန်ရနိုင်ရန်မရှိပေ။ ထို့ကြောင့် ကံဆိုးသူထံ ငါးထောင်တန်များများ
ရောက်နေမည်ဖြစ်ပြီး လတ်တလောတွင် ပြည်သူများအတွက် ငွေစက္ကူအတုနှင့်
ပတ်သက်၍အကာအကွယ်မှ မရှိသေးပေ။ မိမိဘာသာအတုပါမလာအောင်
ခွဲခြားစိစစ်ဖို့သာရှိသည်။
“ငွေစက္ကူကို ဗဟိုဘဏ်က ထုတ်တာဆိုတော့ အတုတွေကို ထိန်းချုပ်ဖို့ကို
ဗဟိုဘဏ်က ဆောင်ရွက်ပေးရမယ်။ ကျွန်တော်တို့ ငွေတုစစ်ဆေးတဲ့ဌာနကတော့
ငွေတုတွေ့တယ်ဆိုရင် ဟုတ်၊ မဟုတ် စစ်ဆေးပြီး စနစ်တကျခွဲခြားဆုံးဖြတ်ပေးရတာ”
ဟု နေပြည်တော်ငွေတု စစ်ဆေးရေးဌာနမှတာဝန်ရှိသူက ပြောကြားသည်။ ငွေတုများနှင့်
ပတ်သက်၍ ဘဏ်များမှ ဖြေရှင်းဆောင်ရွက်နေသည့် နည်းလမ်းများဖြစ်သည့်
ဆုတ်ဖြဲပြီး ပြည်သူကို တန်ဖိုးထပ်မံ ပေးလျော်စေခြင်းမှာ
နစ်နာမှုများစွာရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ၏
လူမှုရေးဝက်ဘ်ဆိုက်တွင် ပုံနှင့်တကွဖော်ပြထားသည်။
“ဒါက ဗဟိုဘဏ်ရော သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ပေါင်းလုပ်ဖို့လိုတယ်။
စက်တွေရှိပေမယ့် အခြေခံလူထု နားလည်ဖို့မလွယ်ဘူး” ဟု ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌ-၂
ဦးသန်းလွင်ကဆိုသည်။ ငွေသားများစွာနှင့် အရောင်းအ၀ယ်ပြုလုပ်နေသည့်
ရွှေဆိုင်များတွင်လည်း ငွေစက္ကူတုများပါလာမည်ကို စိုးရိမ်၍ ငွေစက္ကူအတု
တစ်ရွက်၊ ငွေစက္ကူအစစ်တစ်ရွက်ကို ခွဲခြားဖော်ပြထားပြီး
ရေတွက်စစ်ဆေးနေရကြောင်း အောင်သမာဓိရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်သိမ်း၊ သန်းဌေး
Thursday, June 27, 2013
ငွေစက္ကူအတု ထိန်းချုပ်ရန် အထူးစစ်ဆင်ရေး တစ်ရပ်လိုအပ်နေ
Subscribe to:
Post Comments (Atom)
-
By SHADE Journal တစ်ခါတစ်ခါ ကိုယ်ပြောတဲ့ အကြောင်းက ကိုယ်ပေါင် ကိုယ် လှန်ထောင်း သလို ဖြစ်တတ်ပါတယ်။ မပြောပြန်လည်း မဖြစ်တဲ့ အခါအောင့် မထ...
-
တောင်ကြီးမှ ပထမတန်း ကျောင်းသူ ၀ါယာကြိုးဖြင့် အရိုက်ခံရမှု အုပ်ထိန်းသူကို တရားစွဲဆို တောင်ကြီး ၊ ဇွန် ၁၉ တောင်ကြီးမြို့မှ အသက်(၇)နှစ် အရ...
-
By The Voice Journal ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာ တက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသား/သူ နှစ်ဦး မဖွယ်မရာ ပြုလ...
-
From : ရက္ခပူရိယ သာထွန်းဦး၊ သြဂုတ်(၁၈)၊ ၂၀၁၂ ။ စစ်တွေ။ စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအား အကြမ်းဖက်မ...
-
The Voice Journal အခြား တစ်ပါးသောနိုင်ငံမှ နိုင်ငံရပ်ခြား တစ်နိုင်ငံသို့ ရောက်ပြီ ဆိုလျှင် မြင်ကွင်းထဲ တန်းဝင် လာသည်မှာ အဆောက် အအုံတိ...
-
From : ..how news သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန...
-
ကောင်မလေးနာမည်က မဂျူးဂျူး အသက် (၁၉) နှစ် (၁၀)တန်းကျောင်းသူ မန္တလေး၊ မဟာအောင်မြေမြို့နယ် မာလကာခြံ ရပ်ကွက်မှာနေတယ်။ အဖ ဦးဂျော်နီ အမိ ဒေါ်ဝင...
-
From : .. popular သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်း သားနှင့် ကျောင်းသူတို့၏ မဖွယ်မရာ ပြုလုပ်နေ သည့် ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့န...
-
By Good Health အမျိုးသမီး တစ်ယောက် ကိုယ်ဝန် ဆောင်ချိန်ကို ရောက်ပြီ ဆိုရင်တော့ သင့် ဝမ်းဗိုက်ထဲမှာ အသက်ရှိတဲ့ အရာလေး တစ်ခုက အသက်ပုံမှန...
-
- တစ်နေ့လျှင် နှစ်ကြိမ် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပါ။ မကြာခဏ ထပ်ကာ ထပ်ကာ မျက်နှာ သစ်ခြင်းဟာ အရေပြားရဲ့အပြင်ဘက် ဆုံးအလွှာ Startum C...








0 comments:
Post a Comment