-->

Tuesday, July 2, 2013

ရှက်ရှက်နဲ့ ပြောပါတော့မယ်

ရှက်ရှက်နဲ့ ပြောပါတော့မယ်တစ်ခါတစ်ခါ ကိုယ်ပြောတဲ့ အကြောင်းက ကိုယ်ပေါင် ကိုယ် လှန်ထောင်း သလို ဖြစ်တတ်ပါတယ်။ မပြောပြန်လည်း မဖြစ်တဲ့ အခါအောင့် မထားဘဲ ပြောရတော့ တာပေါ့ဗျာ။ တစ်ရက်က စနေနေ့ဆို တော့ စနေတီးဝိုင်း(မြန်မာမှု) ကို ရောက်သွား ခဲ့တယ်။ မျှော်လင့် မထားတဲ့ ကိုအောင်ဝင်း ဆိုသူကို ပြန်တွေ့ရတယ်။ သူလည်း အဆို ဝါသနာ ပါတယ်။ မိတ်ဆွေ ကောင်းတစ်ယောက်ပါ။
ပုသိမ် ကြီးတပ်မှာ တပ်ရင်းမှူး တာဝန် ထမ်းဆောင်စဉ်က ဂေါက်သီးရိုက် ရင်းခင်မင် ခဲ့သူပါ။ အသံကျယ် ကျယ်နဲ့တွေ့လိုက် ဆုံလိုက်ရင်ကွဲ ကွာနေတဲ့ ဆွေမျိုးအရင်း အချာ ကိုတွေ့ရသလို အားရပါးရ နှုတ် ဆက်တတ်သူလည်း ဖြစ်ပါတယ်။ ပုသိမ်ကြီးတပ်မှာ လုပ်တဲ့ ညစာ စားပွဲတုန်းက ဂေါက်သီးအဖွဲ့ တွေနဲ့ ညစာစားပွဲကို လာတက်ခဲ့ သလိုသူတစ်ပါးကိုကူညီတတ်သူ ပါ။ လွန်ခဲ့တဲ့(၇)နှစ်လောက် အငြိမ်း စားယူပြီးတွေ့တော့ ဘီပိုးတွေ့ သလိုလိုနဲ့ ပိန်ချုံးလို့ ပါပဲ။ ဂေါက် သီးတောင် မကစား နိုင်တော့ဘူး။ မတွေ့တာကြာလို့ သေပြီလားလို့ တောင်ထင်ထားတာ အခုတော့ ဝလို့ဖြိုးလို့ပါ။ ကျန်းမာနေတာ တွေ့ရတယ်။ 
တွေ့ပြန်တော့လည်း ရှေး ဟောင်းနှောင်း ဖြစ်တွေ ပြောဖြစ် ကြတယ်။ ရဲသိပ္ပံ ကျောင်းအုပ်ကြီး ဦးအေးကို(မြိတ်တပ်မှာ အတူနေ ခဲ့ဖူးသူ)ဦးနီ၊ ဦးသိန်းမောင်၊ ရှေ့နေ ကြီးဦးထွန်းကြည်၊ အောပဒု ခေါ် တဲ့ ဥပဒေ ကိုခင်မောင်မြင့်၊ နယ် ပိုင်ကြီးဦးကျော်မြင့်၊ ကိုမောင် သိန်း(မြိတ်သား)၊ ကိုတင်သိန်း စသဖြင့်တို့ရဲ့အကြောင်းအရာတွေ ပါကြတာပေါ့။ဒီလူတွေကိုစာဖတ် တဲ့သူတွေက မသိပေမယ့်ထည့် ရေးရပါတယ်။ အကြောင်းရှိတယ် လေ။မန္တလေးရွှေမန်းတောင်ကွင်း မှာညနေကွင်းပါတ်ပြီးပြန်လာရင် ဝိုင်းတစ်ဝိုင်းထဲထိုင်တတ်ကြတယ် လေ။သောက်ကြစားကြပေါ့။
စာရေးသူ တပ်ရင်းမှူးဖြစ်စ မှာ ကျိုက်ထီးရိုးဘုရားကိုရောက် ခဲ့တယ်။ ကျိုက်ထီးရိုးမှာ ဆေး မြစ်ဆေးဥ အစုံရောင်းတာတွေ့ လို့ လိုက်ကြည့်တော့ ဖျံသို ဆို တာကို တွေ့ရတယ်။ အစစ်လား လို့မေးတော့ စစ်ပါတယ်။ စစ် တာကိုပဲရောင်း တာပါတဲ့။ ထိုစဉ် က ဖျံသိုတစ်ချောင်းကျပ်-၃၀ဝ လောက်ပဲရှိတယ်။ ဖျံသိုဆိုတာ ယောကျာ်းတွေကို ကာမအား ကောင်းစေတယ်လို့ သိထားတယ်။ ယောကျာ်းတွေ အကြိုက်ပေါ့ဗျာ။ စာဆိုတစ်ခု ရှိပါတယ်။
နှမ်း လုံးကြိုင်စာပတီး၊ ဖျံသိုနဲ့ကျောက် ချဉ်လို့ ဆိုကြတယ်။ ဘယ်လိုစွမ်း သလဲ၊ ဘယ်လောက်စွမ်းသလဲ တော့မသိဘူး။ စွမ်းတယ်ဆိုလို့ တစ်ချောင်းဝယ်လာခဲ့တယ်။အဲဒီ ဖျံသိုကို ယောကျာ်းတွေစုဝေးတဲ့ ဂေါက်ကွင်းကိုယူသွားပြီးဘီယာနဲ့ စိမ်သောက်တာတွေ့တော့"အဲဒါ ဘာလဲဗျာ"တဲ့။ 'ဖျံသို'ဆိုတော့ စစ်ရဲ့လားတဲ့၊ စစ်မစစ်တော့မသိ ဘူး၊ ကျိုက်ထီးရိုးက ဝယ်လာခဲ့ တာ၊ သွေးတွေတောင် ကပ်နေ တယ်ဆိုတော့သူစိမ်မယ်၊ ငါစိမ် မယ်ဆိုပြီး ယူစိမ်ကြလို့ ဖျံသိုက အရက်ဝိုင်းထဲ လည်နေပါတော့ တယ်။ နယ်ပိုင်ကြီး ဦးကျော်မြင့် ကတော့ ယောင်းမကြီး ဆိုပြီး အမည်တစ်ခု ပေးထား ခဲ့ပါတယ်။ ဒီကြားထဲနေ့တိုင်း ယူလာပေးပါ ဆိုတဲ့သူက ရှိသေးတယ်။
တစ်ရက်မှာ ဦးသိန်းမောင် ဆိုတဲ့လူက သူ့အိမ်ကိုတစ်ရက် နှစ်ရက်လောက် ငှားလိုက်ပါ။ မ ပျောက်စေရ ပါဘူးတဲ့။ နယ်ပိုင် ကြီးကလည်းငှား လိုက်ပါ။ သူက အကြီးနဲ့အငယ် နှစ်ယောက်ရှိ တယ်။ ပါရမီဖြည့် သင့်တယ်လို့ ဆိုပြန်ရော။ ဒါနဲ့ ငှားလိုက်ရတာ ပေါ့ဗျာ။ ဖျံသိုကြီး ချာချာလည် ပေါ့လေ။ နောက်တော့ ပြန်ပေးပါ တယ်။ ပါရမီ အဖြည့်ကောင်းလို့ လားမသိပါဘူး။ ဦးသိန်းမောင် တစ်ယောက် နောက် နှစ်နှစ် လောက်ကြာတော့ ဆုံးသွားရှာ တယ်။ နောက်ပိုင်း ကြာကြာ စိမ်တော့လည်း ဖျံသိုအာနိသင်က ကျလာပြီး ဘယ်သူ့ဆီ ပါသွားမှန်း တောင်မသိတော့ပါဘူး။
ကိုအောင်ဝင်းနဲ့ ဖျံသို အကြောင်းကနေ တပ်ရင်းမှူး ဘဝမှာ အိမ်ထဲသူခိုးဝင်ခိုးသွားတဲ့ အကြောင်းကို စာရေး ဦးလေတဲ့။ လုံခြုံရေးအပြည့်အဝ ရှိပါတယ်ဆို တဲ့တပ်ရင်းမှူး တစ်ယောက်အိမ် ကိုသူခိုး ဝင်ခိုးသွားတဲ့ အကြောင်း ကို စာဖတ်သူ ပရိသတ် သိအောင် ပြောရမှာကိုတော့ ရှက်မိပါရဲ့။ ဒါပေမယ့် သတိတမာန် ဥာဏ်မြေက တုတ်ဆိုတဲ့ ဆိုစကား ရှိပေမယ့် သတိလက်လွတ် အမှု မထားတဲ့ အချိန်မှာဖြစ် ခဲ့ရတာကို သင်ခန်းစာ ယူဖို့ပြောရတော့မှာ ပေါ့။
၁၉၉၇-ခုနှစ်၊ ကလော စစ်ဦးစီး တက္ကသိုလ် တက်ပြီး မန္တလေး ပြန်ရောက်တဲ့ အချိန်၊ မန္တလေးက ပူတယ် မဟုတ်လား။ အိပ်ခန်းထဲမှာ မအိပ်နိုင်ဘူး။ ဒီ တော့ထမင်းစား ခန်းထဲမှာ ထွက် အိပ်ကြတယ်။ သားသမီးတွေက တော့သူ့ အခန်းနဲ့ သူအိပ်ကြတယ်။ တပ်ရင်းမှူးအိမ် ဆိုတော့ လက် ဖြောင့်ဆိုတဲ့ လုံခြုံရေး တပ်စိတ်ရှိ တယ်။ အိမ်ရဲ့လုံခြုံရေးကို တာဝန် ယူပေးကြရတယ်။ ဖြစ်ချင်တော့ လက်ဖြောင့် စစ်သည်တွေက အရွယ်ငယ်သေးတဲ့စ စ်သည်တွေ၊ စာရေးသူသားနဲ့ သူငယ်ချင်းလို၊ ဆော့ကစားနေတဲ့ကောင်လေးတွေ တပ်ခွဲတွေသွားထားရင်ပင်ပန်း မှာစိုးလို့၊ သိပ်လည်းမတင်းကြပ် ခဲ့ဘူး။
ညဘက်မှာ ကင်းဘယ်လို စောင့်သလဲတော့မသိဘူး။စာရေး သူက မနက်(၄)နာရီလောက်ဆို နိုးလေ့ရှိတယ်။ နိုးလာတာနဲ့ စလောင်း(သို့)ဗွီဒီယိုခွေကြည့် လေ့ရှိတယ်။ အဲဒီနေ့မနက်နိုး လာတော့ အောက်စက်က သူ့ နေရာမှာမရှိသလိုစလောင်းစက် လည်းမရှိတော့ဘူး။ သမီးတွေ ယူဖွင့်လားသွား မေးကြည့်တော့ လည်းမယူကြ ပါဘူး။
ဒါနဲ့အိပ်ခန်း ထဲဝင်သွားပြီး ဘီဒိုကိုကြည့်တော့ အံဆွဲတွေသော့ပိတ် ထားတယ်။ ဒါနဲ့ပြန်မေး ရတယ်။ အံဆွဲသော့ တွေခတ်ထား လားပေါ့။ မခတ်ပါ ဘူးတဲ့။ ဒါဆိုရင်သွားပြီ။ အိမ်ထဲ ကို သူခိုးဝင်သွားပြီထင်တယ်။ ထကြဆိုတော့ တစ်အိမ်လုံးနိုး လာပါတယ်။ အံဆွဲသော့ မရှိလို့ ဖျက်ပြီးတော့ ကြည့်လိုက်တော့ ကုန်ပါပြီ။ မိန်းမရဲ့ ရှိစုမဲ့စု ရွှေတွေ၊ ငွေကငါးသောင်း၊ စာရေးသူရဲ့ လက်ပတ်နာရီ၊ အောက်စက် (၂)လုံးနဲ့ မနည်းဘူး။ ကောင်းကွာ၊ အိပ်နေတဲ့ သူတွေကို တက်နင်း မသွားတာပဲ တော်လှပြီ။ ကံ ကောင်းတယ် ဆိုရမယ်။
ဘယ်အပေါက်က သူခိုးဝင် တာလဲဆိုတာ လိုက်ကြည့်မိတော့ ရေချိုးခန်းနဲ့ အနောက် ဖက်တံခါး ပွင့်နေတယ်။ အိပ်ပျော်နေကြတဲ့ လက်ဖြောင့် ပေါက်စလေးတွေ နိုးလာကြတယ်။ ဘယ်သူ့ကိုမှ မဆူဖြစ်ပါဘူး။မနက်ကျတော့ ရဲ စခန်းမှာပျောက်တဲ့ စာရင်းနဲ့အတူ အမှုသွားဖွင့်တယ်။ အဲဒီအချိန်မှ ဒနလို့ခေါ်တဲ့ဒုစရိုက်နှိမ်နင်းရေး မှာ လက်ရှိ တိုင်းရဲမင်းကြီးဦး အောင်နိုင်သူကွှသစ ပေါ့။ ဒါပေ မယ့် ယနေ့အထိ အမှုမပေါ်ခဲ့ပါ ဘူး။ တပ်က အတွင်းလူလည်း ဖြစ်နိုင်တာကိုး။ အဲဒီအချိန်(၇) သိန်းဖိုးလောက်က ယခုကာလနဲ့ တွက်ရင်နည်းမှ မနည်းပဲ။ စိတ်မ ကောင်းဖြစ်ရုံကလွဲလို့ မတတ်နိုင်ခဲ့ ကြပါဘူး။ အကြောင်းက ပါလာ ခဲ့တာကိုး။
သူခိုး အခိုးခံရတာက အ စောင့်အရှောက်တွေနဲ့ လူကြီး အိမ်၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက် ကာကွယ်ပေးနေတဲ့ တိုက်ပွဲဝင် ခေါင်းဆောင်တစ် ယောက်ရဲ့အိမ်၊ အတော်ရှက်စရာ မကောင်းဘူးလားဗျာ။ ရှက်မိ တာပေါ့။ ဒီအကြောင်းတွေကို ရှက်လို့မေ့ ထားပေမယ့် မိတ်ဆွေ ဟောင်းကိုအောင်ဝင်းက အစ ဖော်လာတော့လည်း ရှက်ရှက်နဲ့ပဲ ရေးရတော့ တာပေါ့။ သင်ခန်းစာ ယူကြဖို့လေ ...။
စောအောင်(တီကျစ်)

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks