-->

Sunday, June 23, 2013

ဖာဒီနန်နဲ့ ဗန်ပါစီကို အံ့အားသင့်စေခဲ့တဲ့ ဂျိုးဟတ်

ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ မစသေးပေမယ့် ပရီးမီးယားလိဂ် အကျော်အမော် တွေကတော့ ဂိုးစသွင်းဖို့ ပြင်နေကြပါပြီ။ သူတို့သွင်းမယ့်
ဂိုးပေါက်ဟာ ပုံးတစ်ပုံးသာဖြစ်ပြီး ဒီပုံးထဲကို ဘောလုံးဝင်အောင် ကန်ထည့်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ရုပ်သံစပွန်ဆာသစ် ဘီတီရဲ့ အစီအစဉ်တစ်ခုမှာ မန်စီးတီး ဂိုးသမား ဂျိုးဟတ်၊ မန်ယူ ကစားသမားတွေဖြစ်တဲ့ ဖာဒီနန်နဲ့ ဗန်ပါစီတို့ အခုလို ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး သူတို့ဟာ ဘီတီရဲ့ သံတမန်အဖြစ် ခန့်အပ်ခံထားရသူတွေပါ။ ပုံးထဲကို ဘောလုံးဝင်အောင် ကန်ထည့်ကြတဲ့အထဲမှာ ဂျိုးဟတ်ရဲ့ စွမ်းဆောင် မှုကြောင့် ဖာဒီနန်နဲ့ ဗန်ပါစီတို့ အံသြခဲ့ကြပါတယ်။
ဒီဂိုးသမားဟာ ပထမဆုံး ကန်ချက်နဲ့ ဘောလုံးကို ပုံးထဲဝင်အောင် ကန်ထည့်နိုင်ခဲ့ပြီး အခုအစီအစဉ်မှာ လီဗာပူးတောင်ပံ ကစားသမား စတာရစ်၊ အဲဗာတန်ကွင်းလယ်လူ ဖယ်လိုင်နီတို့လည်း ပါဝင်ခဲ့ကြပါတယ်။

                                                                                                             zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks