-->

Thursday, June 27, 2013

ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားအဖြစ် ဆောင်ရွက်မည်

 
မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်းကို နိုင်ငံတကာ အကူအညီများဖြင့် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ်  ပည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ လက်ရှိတွင် အဆိုပါ အမြန်လမ်း တစ်လျှောက် ယာဉ်အစီး ၁၀၀၀ လျှင် ယာဉ်တစ်စီးနှုန်းဖြင့် မတော်တဆမှုများ ဖြစ်နေခြင်းကြောင့် ယခင်အမြန်လမ်း တည်ဆောက်ခဲ့သည့် မာစတာပလန်အတိုင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇွန် ၂၂ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခန်းမတွင် ပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ယာဉ်အန္တယာဉ် ကင်းရှင်းရေး ဟောပြောပွဲတွင် ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး Master Plan အရ လက်ရှိ ဖောက်လုပ်ထားသည့် လေးလမ်းသွား အမြန်လမ်းကို ရှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ရမည် ဖြစ်ပြီး ရှစ်လမ်းသွား၏ ဘေးတွင် လမ်းပုခုံး၊ ခြံစည်းရိုးများ ပါဝင်မည်ဖြစ်သည်။ ယင်းခြံစည်းရိုး၏ ဘေးတွင် ကျေးလက်သွား အမာခံလမ်းများ ပါဝင်မည်ဖြစ်ကာ ကျေးလက်သွား အမာခံလမ်း၏ ဘေးတွင် ခြံစည်းရိုး ထပ်မံပါဝင်မည်ဟု သိရသည်။ လမ်းမ၏ မိုင် ၅၀ အကွာအဝေးတိုင်းတွင် ယာဉ်ရပ်နားစခန်းများနှင့် မိုင် ၄၀ အကွာတွင် အများသုံးသန့်စင်ခန်း၊ လေထိုး၊ ကျွတ်ဖာဆိုင်များ ထည့်သွင်းကာ လမ်းပိုင်းဝန်ဆောင်မှုများ ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ဦးကျော်လင်းက “လက်ရှိ ပလန်အရဆိုရင် အရင်နေရာချထားပြီး လုပ်ငန်းရှင်တွေက မလုပ်နိုင်ရန် အခုလုပ်ငန်းရှင်အသစ်တွေကို ပေးပြီးတော့ လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။ လက်ရှိတွင် အဆိုပါ အမြန်လမ်းပိုင်း (Expressway) အတွက် လမ်းတည်ဆောက်ရေးဆိုင်ရာ အထောက်အကူပြု သင်တန်းများအတွက် USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲတန် နည်းပညာဆိုင်ရာ သင်တန်းများကို ရန်ကုန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ JICA မှလည်း လမ်းပိုင်းဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ နှစ်သန်းတန် Survey Vehicle ယာဉ်တစ်စီး ထောက်ပံ့ရန်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks