-->

Friday, June 21, 2013

အလုပ် တွင်ကျယ်စေမည့် နည်း ငါးသွယ်

အလုပ် တွင်ကျယ်စေမည့် နည်း ငါးသွယ်အလုပ်တွေ များတဲ့အခါနဲ့ လုပ်ရမယ့် အလုပ်တွေက ရှုပ်ထွေး ခက်ခဲတဲ့အခါမှာ စိတ်ဖိစီးမှု ဖြစ်ပေါ်ပြီး ဘယ်အလုပ်ကို ဦး စားပေး လုပ်ရမလဲ၊ အလုပ်တွင် ကျယ်ပြီး မြောက်အောင် ဘယ်လိုလုပ်ရမလဲဆို တာ မဝေခွဲနိုင်အောင် စိတ်ရှုပ်ထွေးရ တတ်ပါတယ်။ အဲဒီအချိန်မှာ အလုပ်တွင် ကျယ်ပြီး မြောက်စေအောင် အချိန်ကို စ နစ်တကျ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါ တယ်။
(၁) စတင်ပါ
လုပ်ငန်းခွင်ကို ရောက်တဲ့အခါ ကွန် ပျူတာကို ချက်ချင်း ဖွင့်ထားပါ။ အဲဒီအ ချိန်အတွင်းမှာ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေနဲ့ ဦးစားပေးရမယ့် အလုပ် တွေကို ချရေးပြီး မှတ်ထား သင့်ပါတယ်။
(၂) အာရုံစိုက်ပါ
အလုပ် လုပ်တဲ့အခါ တစ်ချိန်မှာ လုပ်စရာ တစ်ခုကိုပဲ အာရုံစိုက်ပြီး ကောင်း ကောင်းပြုလုပ်ပါ။ ဟိုဟာလုပ်ရမလို၊ ဒီ ဟာလုပ်ရမလို ပျာယာခတ်နေရင် အချိန် ကုန်ပြီး အလုပ်ပြီးမြောက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။
(၃) အစီအစဉ်တစ်ခု ချမှတ်ပါ။ လုပ်ဆောင်ပါ
အလုပ်နဲ့ ဆိုင်တဲ့ အီးမေးလ်တွေကို စစ်ဆေးပါ။ လုပ်ငန်းခွင် အတွက် အရေး ပါတဲ့ အချက်အလက် တွေကို ရှာဖို့ အင်တာနက်ကို အသုံးချပါ။ အင်တာနက်က လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေ၊ ဂိမ်းတွေ ကြောင့် အလုပ်တွင် ကျယ်မှုကို မထိခိုက် ပါစေနဲ့။ လုပ်ငန်းခွင် ဆိုင်ရာ အီးမေးလ် တွေကို အရေးတကြီး ပြန်စရာရှိရင် ပြန်ပါ။ မလိုအပ်တဲ့ ဖိုင်တွေကို ဖျက်လိုက်ပါ။
(၄) လုပ်ရမည့် စာရင်းတစ်ခု ပြီးတိုင်း ရေးခြစ်ထားပါ၊ အောင်မြင်မှုအတွက် ဆုပေးပါ
အလုပ်မှာ ကိုယ်ဆောင်ရွက်ရမယ့် အလုပ်တစ်ခုချင်းစီကို စတင်ပြုလုပ်ပါ။ ပရော့ဂျက် တစ်ခုမှာ သင်က တာဝန်ယူ ဦးစီးပြီး ဆောင်ရွက် နေရသူဖြစ်ရင် ကိုယ် ပိုင်အလုပ်အပြင် အဖွဲ့လိုက် လုပ်ဆောင်ရ မယ့် အလုပ်တွေကိုပါ ဦးဆောင်ကြိုးစား ပြုလုပ်ပါ။ အလုပ်ကိစ္စ တစ်ခု ပြီးမြောက်တိုင်း သူငယ်ချင်းနဲ့ ချက်တင်ပြောတာ၊ လူမှုကွန်ရက် ကြည့်တာနဲ့ လုပ်ဖော် ကိုင်ဖက်နဲ့ စကားပြောတာ..စတဲ့ သင့် အတွက် စိတ်ပေါ့ပါး လန်းဆန်းမှု ဖြစ်စေ မယ့် အရာတစ်ခုခုကို လုပ်ဆောင်လိုက် ပါ။
(၅) ဖြစ်နိုင်လျှင် အစီအစဉ်ရေးဆွဲပါ
တစ်နေ့တာအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင် တာထက် ပိုပြီးအ စီအစဉ်ရေးဆွဲ လုပ်ကိုင်ဖို့ မမျှော်လင့်ပါနဲ့။ စိတ်မော လူမောနဲ့ စိတ်ဖိစီးမှု များရတတ် ပါတယ်။ ကိုယ်ပိုင် အချိန်ဇယားတစ်ခု ချ မှတ်ပြီး အဲဒီအချိန် ဇယားအတိုင်း လုပ် ကိုင်သွားသင့် ပါတယ်။
ကြယ်စင်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks