-->

Thursday, June 27, 2013

မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်း

By Health Digest

မုဒိမ်းမှုကို ရင်ဆိုင်ကျော်လွှားခြင်းမုဒိမ်းမှု ဖြစ်ပွား ပြီးနောက် ပြုကျင့် ခံရသည့် အမျိုသမီး အတွက် ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာ မှာပါ ထိခိုက် မှုများ ရှိပါသည်။ မိန်းမ ကိုယ်မှ အရည်များ ဆင်းနေသည့်ပြဿနာ ဆက်လက် ခံစား ရခြင်း၊ မိန်းမကိုယ် တစ်ဝိုက် ယားယံ နေခြင်း စသည့် ဝေဒနာများ ကျန်ရစ်တတ် ခဲ့ပါသည်။ ထိုအနေ အထားများ ဖြစ်ရသည့် အကြောင်းရင်းမှာ မှိုပိုး သို့မဟုတ် ကပ်ပါးပိုး ကူးစက် ဝင်ရောက် ခံရခြင်း ကြောင့်ဖြစ်သည်။
ထို့ပြင် အညိုအမည်း စွဲခြင်း၊ ရောင်ရမ်းခြင်း၊ ထိလျှင် နာကျင်ခြင်း စသည့်ဝေဒနာ များကိုလည်း မုဒိမ်း ကျင့်ခံရပြီးနောက် နာရီပေါင်း များစွာ ထိ ဆက်လက် ခံစားနေရ တတ်သည်။ ထိုဝေဒနာများ ခံစားနေရပါက မူလက ပြသစစ်ဆေး ခဲ့သော ဆရာဝန် ထံ ပြန်သွားပြီး မှတ်တမ်း တင်ထား ပါ။ အချို့သော အမျိုးသမီး များတွင် အစာဟောင်း အိမ်ပတ်လည်၌ အနည်း ငယ် စုတ်ပြဲနေသည် ကိုလည်း တွေ့ရ တတ်သည်။
မုဒိမ်းကောင်က စအိုတွင်း ဆက်ခံရန် ဝမ်းသွားလျှင် ညှစ်သည့် အခါ သွေးထွက် လာတတ်သည်။ ဤကြုံတွေ့ရမှုကိုလည်း ဆရာဝန်ထံ သတင်းပို့ပါ။ အချိန်ကြာ တော့မှ ထိုသို့ ကြုံရ သည်ဖြစ်စေ သတင်းပို့ပါ။ မုဒိမ်းကျင့် ခံရပြီးနောက် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု တစ်မျိုးမျိုး မကြုံရသည့် အမျိုးသမီး မရှိပါ။ တစ်ဦး နှင့်တစ်ဦးတော့ ကွာခြား နိုင်ပါသည်။
တချို့မှာ အေးဆေးငြိမ် သက်စွာ ရှိတတ်သည်။ မည်သို့ပင် ရှိစေကာမှု စိုးရိမ်သောက ဖြစ်ခြင်းသည် ပုံမှန်အတိုင်း ဖြစ်ပါသည်။ အချို့၏ အမှုအရာမှာ စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုး သမီးတစ်ဦးသည် အထီးကျန် ရှိနေစေခဲ့လျှင် စိုးရိမ်သောကဖြစ်ခြင်း သည်လည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ အိပ်မရဘဲဖြစ်ခြင်းကိုလည်း ကြုံရနိုင် ပါသည်။
အဝေးသို့ ထွက်ပြေးပြီး အခြားသူများနှင့် မတွေ့ချင်တော့ဘဲ ပုန်းရှောင်ခြင်း သည်လည်း ဖြစ်လေ့ဖြစ်ထရှိပါသည်။ မိသားစု ဝင်များနှင့် သူငယ်ချင်း မိတ်ဆွေ များ၏ အကူအညီဖြင့် ထိုခံစားချက်များ ပျောက်သွားစေ နိုင်ပါသည်။ တစ်ယောက်တည်း နေခြင်းထက် မိသားစုများ၊ မိတ်ဆွေ များနှင့်နေခြင်းက ထိုခံစားချက်များ မြန်မြန်ပျောက် လွယ်ပါသည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks