အမေရိကန်
ဇိမ်ခံဆလွန်းဈေးကွက်မှာ Ford ကထုတ်တဲ့ Lincoln ဟာ နာမည်ကြီးပါပဲ။ MKZ
လို့အမည်ပေးထားပြီး Ford Fusion နဲ့အမျိုးတော်တဲ့ ဆလွန်းဖြစ်ပါတယ်။
ဒီဇိုင်းကလွဲလို့ ကျန်တာ တော်တော်များများ တူနေပါတယ်။ပုံမှာပြသထားတာကတော့ ၂၀၁၃ မော်ဒယ်ပါ။
အင်ဂျင်ပါဝါ ၂၄၀၀ စီစီမှ ၃၀၀၀ စီစီ ကြား၊ ဟိုင်းဘရစ်ဗားရှင်းလည်း ထုတ်ပါတယ်။ သုံးမျိုးသုံးစား ရှိတာ ဖြစ်ပါတယ်။ အီကိုဘွတ်စ်အမျိုး အစား ဖြစ်မယ့် ဆီစားဗားရှင်းလည်းပါဝင် ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုကို ၂၄၀ အထိပဲ ကန့်သတ်ထားပါတယ်။ ရည်ရွယ်ချက်ကလည်း ဆီအကုန်သက်သာ စေဖို့ ဖြစ်ပါတယ်။ တံခါးလေးပေါက်လေးယောက် စီး ဖြစ်ပြီး နောက်မှာ ကုန်ထည့်ဖို့ နေရာ အလုံအလျောက် ပါပါသေးတယ်။
၂၀၀၆ မော်ဒယ်ကနေ စတင်ပေမယ့် ၂၀၁၃ ကစလို့ ပုံမှာ ပြသထားတဲ့ ဒီဇိုးကို ပြောင်းလဲထုတ်လုပ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
--
autoblog
ရိုးရာလေး Automobile








0 comments:
Post a Comment