-->

Thursday, June 20, 2013

Samsung Galaxy S II ထက်မြင့်သော S II plus

plus၂၀၁၁ ခုနှစ် မေလက စတင်ရောင်းချတဲ့ Samsung Galaxy SII က ကမ္ဘာ့ရောင်းအားကောင်း စမတ်ဖုန်းအဖြစ် သူ့ခေတ်သူ့ခါမှာ စံချိန်တင်ခဲ့ ပြီး SII ကို နောက်ထပ် အသက်ဆက်စေမယ့် S II plus ကို ပြန်လည် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
ယခု လက်ရှိ CES မှာ ပြသနေသော စမတ်ဖုန်း ဖြစ်ပြီး ယမန်နှစ် Samsung Galaxy S II ကိုမှ ဗားရှင်းထပ်မြင့်ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလမှာ စတင်ရောင်းချတဲ့ ဖုန်း ဖြစ်ပါတယ်။
Operating System
အဓိက မြင့်ထားတာကတော့ Android OS ဖြစ်ပြီး Jelly Bean 4.1.2 ကို အသုံးပြု ထားပါတယ်။
Processor
ယခင် SII တုန်းကလိုပဲ 1.2GHz dual core processor ကိုပဲ အသုံးပြု ပါတယ်။ RAM ကလည်း 1GB ပဲ ဖြစ်ပါတယ်။
Display
၎.၃ လက်မ super AMOLED ပါပဲ။ မပြောင်းလဲပါဘူး။ 800 x 480 pixel resolution  ကြည်လင်ပြတ်သားမှုအတိုင်းပဲ ဖြစ်ပါတယ်။

Storage
1GB RAM အပြင် built in အနေနဲ့ အရင်အတိုင်း 8GB, 16 GB နှစ်မျိုးနှစ်စား ဖြစ်ပါတယ်။ 64GB အထိ expand လုပ်နိုင်ပါတယ်။
ကင်မရာ
အရင်အတိုင်း 8 megapixel , ရှေ့  2 megapixel ဖြစ်ပါတယ်။ Autofocus, LED flash light တို့ ပါဝင်ပါတယ်။

Connectivity
GPS, Bluetooth 3.0, Wi-Fi, NFC, 3G တို့ ပါဝင်ပြီး 4G support လုပ်မယ့် ဖုန်း မဟုတ်ပါဘူး။

ဒါဆိုရင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာ မတွေ့ရပါဘူး။ ဒီတော့ အတွင်း Software အပိုင်းပဲ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့  ဈေးကလည်း SIII တို့လို မကြီးတာ သေချာနေပါပြီ။ အရင်က ရောင်းခဲ့တဲ့ Samsung Galaxy SII နဲ့ မကွာခြားလှတဲ့ ဈေးနဲ့ မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks