-->

Monday, July 15, 2013

ပြည်တွင်း အခွန်မှ အရာရှိ အပါအ၀င် ၀န်ထမ်း ၂၀ ကျော် ရာထူးမှဖယ်ရှား

By 7Day News

ပြည်တွင်း အခွန်မှ အရာရှိ အပါအ၀င် ၀န်ထမ်း ၂၀ ကျော် ရာထူးမှဖယ်ရှားရန်ကုန်-ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိများ အပါအ၀င် ၀န်ထမ်း ၂၀ ကျော်ကို ရာထူးမှ ဖယ်ရှားလိုက်သည့် အပြင် နိုင်ငံ တော်သို့ ကျပ်သိန်းပေါင်း နှစ်သောင်းကျော် ပေးလျော် ရမည်ဟု သတင်း ရရှိသည်။
“ဒီကိစ္စကို ဘဏ္ဍာခွန် ၀န်ကြီး ဌာနကို လွှဲပြောင်းပြီး ပါပြီ”ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ရာထူးမှ ဖယ်ရှားခံရသည့် ၀န်ထမ်းများတွင် တိုင်းဦးစီးမှူးနှစ်ဦး အပါအ၀င် ရန်ကုန်၊ မန္တလေးမြို့များမှ မြို့နယ် လက်ထောက်ညွှန်ကြားရေး မှူးများလည်း ပါဝင်ကြောင်းစုံစမ်း သိရသည်။
ထိုသို့ ဖယ်ရှား ခံရခြင်းမှာ ပြည်တွင်းအခွန် ဦးစီးဌာနတွင် အဂတိ လိုက်စားမှုများ ရှိသည်ဟု အောက်ခြေ ၀န်ထမ်းများက ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တိုင်ကြား ခဲ့ခြင်းကြောင့်ဖြစ်သည်။
အိမ်ခြံမြေ ရောင်းဝယ် ရာတွင် အခွန်ရှောင်မှုများ၊ အခွန်အပြည့်အ၀ မရမှုတို့ကြောင့် ဈေးနှုန်း စံသတ်မှတ်ချက် ထား၍ အခွန်ကောက်ယူ မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ထိပ်ပိုင်းအရာရှိ တစ်ဦးကပြောကြားသည်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ဖြစ်စေရန် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် ရာတွင် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေအား ရာခိုင်နှုန်းနှင့် စားနေသော အကျင့်ပျက် ၀န်ထမ်းများကို စံနမူနာပြ အရေးယူ ပေးပါရန် အောက်ခြေ၀န်ထမ်း များက တိုင်ကြား ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks