- By ရိုးရာလေး
ဖီဖာသည် လူကျွံဘော စည်းမျဉ်းကို ပြုပြင်ပြောင်းလဲ ခဲ့သောကြောင့် လာမည့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်အငြင်းပွားဖွယ်ရာများ ပေါ်ပေါက် လာနိုင်သောကြောင့် အင်္ဂလန်ဒိုင်များ စိုးရိမ်နေသည်။ လူကျွံဘော ဥပဒေ အမှတ် ၁၁၏ အခြေခံ စည်းမျဉ်းကို ဖီဖာမှ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းဟောင်းအရ ကစားသမားတစ်ဦး အနေဖြင့် လူကျွံနေသည့် အချိန်တွင် ပြိုင်ဘက်ကို ပြေးလမ်းပိတ်ခြင်း၊ ဂိုးသမား မြင်ကွင်းကို အဟန့်အတားဖြစ်စေခြင်း စသည်တို့ ပါဝင်နေသည်။
ထိုအဖြစ်အပျက်၏ အနီးစပ်ဆုံး ဥပမာမှာ မန်ချက်စတာ ဒါဘီပွဲတွင် ဂျိမ်းမီလ်နာ သွင်းယူခဲ့သည့် အဖွင့်ဂိုးဖြစ်ပြီး တီဗက်ဇ်သည် ဂိုးသမား ဒီဂီယာ၏ မြင်ကွင်းကို အဟန့်အတားဖြစ်စေခဲ့သည်ဟု ဖာဂူဆန်က သုံးသပ်ခဲ့သည်။ သို့သော် ယခုပြောင်းလဲခဲ့သော စည်းမျဉ်းအရ ဘောလုံးလုသည့်ကိစ္စမှာ လူကျွံဘော ဆုံးဖြတ်ရာတွင် အခြေခံ အကြောင်းရင်းဖြစ်လာသည်။
ထို့အပြင် စည်းမျဉ်းသစ်အရ တိုင်ထိ၍ ဘောလုံးပြန်ထွက်လာချိန်၌ဖြစ်စေ၊ ဂိုးသမားပုတ်ထုတ်လိုက်၍ ဘောလုံး ပြန်ထွက်လာချိန်၌ဖြစ်စေ ကစားသမားတစ်ဦးဦး လူကျွံပါက ဘောလုံးလုသည်ဖြစ်စေ၊ မလုသည်ဖြစ်စေ စည်းကြပ်ဒိုင်မှ အလံထောင်ပြီး သတိပေးမည်ဖြစ်ကြောင်း သိရသည်။
zaw zaw tun








0 comments:
Post a Comment