-->

Tuesday, July 2, 2013

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ရွေးချယ်မှုအား နောက်လာမည့် ၁၀ လ အကြာတွင် ပြန်လည် ရွေးချယ် သွားမည်

From : .. mrtv4


ရုပ်ရှင်လောကသားများရဲ့ ဆန္ဒအရ ရွေးချယ် တင်မြှောက် ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းဟာ လက်ရှိ ကာလမှာကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ ရာထူးမှ အနားယူ လိုက်ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ဥက္ကဋ္ဌ တာဝန်ကို တာဝန်ယူ ထားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ဆောင်မှုဟာ သရုပ်ဆောင် အကယ်ဒမီ လူမင်း အနေနဲ့ ယခင်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့ ကျန်ရှိတဲ့ ဥက္ကဋ္ဌ သက်တမ်းကို ဆက်လက် တာဝန် ထမ်းဆောင် ပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်လာမယ့် ၁၀ လအကြာမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို ပြန်လည် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ပြည်တွင်းရဲ့ ရုပ်ရှင် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေဖို့ အတွက် ပြည်ပ နိုင်ငံများနဲ့ ချိတ်ဆက် ဆောင်ရွက် လျက်ရှိသလို ပြည်တွင်း မှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
.

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks