-->

Monday, July 22, 2013

နိုင်ငံတော်သမ္မတ ပုံတူပန်းပု ရုပ်တုကို စက်တင်ဘာလတွင် ထုလုပ်မည်

နိုင်ငံတော်သမ္မတ ပုံတူပန်းပုရုပ်တုကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ထုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ရုပ်ထု ထုလုပ်မည့်
ပန်းပုပညာရှင် ကိုကျော်ကျော်လင်းက ၆-၆-၂၀၁၃ရက်တွင် ပြောကြားသည်။
''ကျွန်တော် ဒီရုပ်တုကို ထုဖြစ်တာက နိုင်ငံတော်သမ္မတကြီးက အရင် အစိုးရ လက်ထက်က တက်လာတဲ့လူ ဖြစ်ပေမယ့်နိုင်ငံတော်ကို
ပြုပြင်ပြောင်းလဲရာမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင်
တင်ပေးနိုင်ခဲ့တယ်၊ ဘာသာရေး၊ နိုင်ငံရေး လုပ်ငန်းတွေမှာလည်း မဇ္ဈိမပဋိပဒါ လမ်းကြောင်း အတိုင်းပဲ သွားနိုင်တယ်၊ တိုင်းရင်းသား၊ နိုင်ငံသားတွေကို အတတ်နိုင်ဆုံး ကောင်းမွန်အောင် အုပ်ချုပ်နိုင်တဲ့လူလည်း ဖြစ်တယ်၊ သူ့ရဲ့ဆောင်ရွက်ချက်တွေကို
ပြည်ပနိုင်ငံတွေကပါ အသိအမှတ် ပြုလာတယ်၊ တစ်ကမ္ဘာလုံးကလည်း လက်ခံတဲ့ အတွက် သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ခုလို ပုံတူပန်းပု ရုပ်ထုလုပ်တာ ဖြစ်တယ် '' ဟု ယင်းက ပြောကြားသည်။
အဆိုပါ ရုပ်တု ထုလုပ်ခြင်းကို အကောင်းမွန်ဆုံး နေရာတွင် တစ်ရက်အတွင်း အပြီး ထုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထုလုပ်ပြီးပါကလည်း အမျိုးသားပြတိုက် သို့မဟုတ် နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့သွားမည်
ဖြစ်ကြောင်း၊ ပန်းပုဆရာနှင့်အတူ ပန်းချီဆရာ ဦးရွှေမြင့်ကလည်း ပုံတူပန်းချီ ရေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သမ္မတရုပ်တု ထုလုပ်ပြီးပါက ဆရာတော် ဦးဥတ္တမ ပုံတူနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံတူတို့ ထုလုပ်မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks