-->

Sunday, July 28, 2013

နာမည်ကြီးချင် တာလား၊ အောင်မြင်ချင် တာလားလို့ မေးခွန်း ထုတ်လိုက်တဲ့ သူထူးစံ

နာမည်ကြီးချင် တာလား၊ အောင်မြင်ချင် တာလားလို့ မေးခွန်း ထုတ်လိုက်တဲ့ သူထူးစံလတ်တလော မှာတော့ သူထူးစံက ဒါရိုက်တာ တင်အောင် ကျော် ရိုက်ကူးတဲ့  'အစွန်းရောက်' ဇာတ်ကားကို ချမ်းမီမီကိုနဲ့ အတူပါဝင်ကာ ပန်းချီဆရာ တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက် ကူးပြီး သူထူးစံ၊ ခွန်းဆင့်နေခြည်တို့ ပါဝင် သရုပ်ဆောင် ထားတဲ့ 'မိုင်တိုင် ၂၆' ဇာတ်ကားကို ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားပြသတဲ့ အခါမှာပရိသတ်တွေ အပြည့်အနှက် အားပေးတာကို တွေ့ရတဲ့အတွက် တအားဝမ်းသာ ကြောင်း သူထူးစံက "အစ်ကို မထင်ထား လောက်အောင် အားပေးကြတာ ကိုတွေ့ရတယ်။
အဲဒီကားလေး ရိုက်တုန်း ကလည်း သေချာလေး ကြိုးစားထား ရပါတယ်။ အစ်ကိုက ရုပ်ရှင်ပဲ ရိုက်ရိုက်၊ ဗီဒီယိုပဲရိုက် ရိုက်သေချာလေး ရိုက်ပါတယ်။ အစ်ကို ဒီကားရဲ့ ဇာတ်လမ်းကိုတော့ အားရပေ မယ့် အသံတော့ အားမရဘူး" လို့ ပြောပါတယ်။ နောက်ပိုင်း မှာ အက်ရှင်ဒရာမာ ဇာတ်လမ်းတွေကို ပိုရိုက် ဖြစ်နေကြောင်းပြောတဲ့သူထူးစံက "ဇာတ်ကား တစ်ကား ကောင်းဖို့က လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဆင့်မီ ကားတစ် ကားဖြစ်ဖို့ အတွက်က အကုန်လုံး တန်းတူညီ တူဖြစ်ဖို့လိုပါတယ်။ ဒါရိုက်တာ၊ မင်းသား၊ မင်းသမီးမှ မဟုတ်ဘဲ ကျန်တဲ့ လူတွေ အားလုံးနဲ့လည်း ဆိုင်ပါတယ်။
အဲဒီလိုဆိုရင် ရုပ်ရှင် လောက ကြီးတိုးတက် လာမှာပါ။အခုလောလော ဆယ်တော့ဟန်ရေးပြနေတာ ပဲရှိတယ်။ အခု ဇာတ်ကားတွေက အဖော်အချွတ် ကားတွေများ လာတယ်။ ဆင်ဆာလွတ်သွားပြီ ဆိုတော့ အစ်ကို တို့အနေနဲ့ ဘယ်လိုဖုံးဖိ ရမလဲဆို တာကို စဉ်း စားတယ်။ နာမည်ကြီး ချင်တာ လား၊ အောင်မြင် ချင်တာလား ဆိုတာ အဲဒါတစ်ခုတော့ လိုပါတယ်။ အမြဲတမ်း အဲဒီလိုမျိုး ရိုက်တာတော့ မကောင်း ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိ တယ်။ လိုအပ်ချက် ကို ရသပေါ်အောင်ပြနိုင်ဖို့ လိုတယ်။ မက် ဆေ့ခ်ျပေးနိုင်ဖို့လည်း လိုအပ်တယ်" လို့ပြော ပါတယ်။
                                                                                                                    တွယ်တာ

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks