-->

Monday, July 15, 2013

မွေးနေ့မှာ ပရိသတ်တွေနဲ့ ညစာ စားမယ့် ဖွေးဖွေး

By Popular News

မွေးနေ့မှာ ပရိသတ်တွေနဲ့ ညစာ စားမယ့် ဖွေးဖွေးဇူလိုင် ၇ ရက်နေ့က ပြေတီဦး၊ စိုးမြတ်သူဇာ၊ ဖွေးဖွေးတို့ သရုပ်ဆောင် ထားတဲ့ ‘လက်ပံ’ ဇာတ်ကားကြီးကို ပါဝင် သရုပ်ဆောင်တဲ့ အနုပညာ ရှင်တွေက သမ္မတ ရုပ်ရှင်ရုံမှာ ပရိသတ်တွေကို လက်မှတ်ရေးထိုး ပေး ခဲ့ကြပါတယ်။ ‘လက်ပံ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖွေးဖွေးရဲ့ မျှော်လင့်ချက် ကို မေးကြည့်တော့ “ပရိသတ်တွေလည်း အဲဒီကား လေးကို တော်တော် များများ ကြိုက်ကြတာကို တွေ့ရပါတယ်။
အဲဒီအတွက်လည်း ဖွေးဝမ်းသာပါတယ်။ ဒီ ကားနဲ့အကယ်ဒမီဆိုပြီးေ တာ့ ဖွေးစိတ်ထဲမှာမတွေးထားပါဘူး။ ကိုယ်က ဒီလိုဇာတ်လမ်းမျိုးမှာ သရုပ်ေ ဆာင် ခွင့်ရတာရယ်၊ ပရိသတ်က ကြိုက် ကြပြီး အဲဒီကားလေးကို ကြည့်ရတာတန်တယ်လို့ ပြောနေကြရုံနဲ့ပဲ ဖွေး စိတ်ထဲမှာ ကျေနပ်ပါတယ်။ ကျန်တာကတော့ ဘာမှမတွေးထားပါဘူး” လို့ ပြောပါတယ်။
သြဂုတ်လ ၉ရက်နေ့ မွေးနေ့ရှင် ဖွေးဖွေးက သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် စိန်ဌေးဗီဒိယို ထုတ်လုပ်ရေးနဲ့ တိုင်ပင်ကာမေးခွန်း ၂၅ခုထုတ်ခဲ့ပါတယ်။ မေးခွန်း၂၅ခု ကို မှန်အောင်ဖြေနိုင်သူ ပရိသတ်ထဲက ၂၅ဦးကို ရွေးချယ်ပြီး ဖွေးဖွေး ရဲ့ မွေးနေ့မှာ ဖွေးဖွေးနဲ့အတူ ညစာစား ခွင့်ရမှာဖြစ်ပါတယ်။
ဖွေးဖွေးမှာ ပရိသတ်တွေ နဲ့အတူ ညစာစားဖို့အတွက် စီစဉ်ဖြစ်သွားပုံကိုလည်း ဖွေးဖွေး က “မေးခွန်းတစ်ဝက် က ဖွေးနဲ့ပတ် သက်တဲ့မေးခွန်းတွေ၊ နောက်တစ် ဝက်က လက်ပံဇာတ်ကားနဲ့ ပတ်သက်တဲ့မေးခွန်းတွေ၊ စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးက စီစဉ်တာပါ။ အိုင်ဒီယာ ကတော့ ဒါရိုက်တာဝိုင်းရဲ့အိုင်ဒီ ယာပါ။လက်ပံကိုပရိုမိုးရှင်းလုပ်တဲ့ သဘောလည်း ပါတယ်။ ဒီလိုမျိုး ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့က မလွယ်ဘူးလေ။ မွေး နေ့မှာ ထူးထူးခြားခြားတော့ ဘာမှမရှိသေးပါဘူး” လို့ ပြောပြပါတယ်။
ဇန်နဝါရီလမှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် ‘ Cupid ရဲ့ ကျေးကျွန်’ ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ ရိုက်ကူးဖို့ရှိေ ကြာင်း ပြောပါ တယ်။ ဗီဒီယို ဇာတ်ကားထက် ရုပ်ရှင်ဇာတ်ကား ကြီးကို ပိုစိစစ်ပြီးရိုက်ကူးကြောင်း ဖွေးဖွေးကပြောပါတယ်။ ”ဗီဒီယိုဆိုရင် တစ်ခါတလေ ဇာတ်လမ်းကို တအားမရူးသွပ်ပေမယ့် ရိုက်လိုက်ရတာမျိုးတွေလည်းရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီးကျတော့ ကိုယ် တကယ်ကိုစိတ်ပါမှ၊ ကိုယ်တကယ်ကို တအားရူးသွပ်မှ ဇာတ်ကွက် ကို သေချာကြည့်ပြီးမှ လက်ခံဖြစ်တယ်။ရုပ်ရှင်ကလူတွေအားလုံး Series ဖြစ်ကြ တယ်။ စက်အဖွဲ့တွေရော၊ နောက်ကလူတွေပါ ပိုပြီး Series ဖြစ်တယ်လို့ ခံစားရတယ်” လို့ ပြော ပါတယ်။
တွယ်တာ

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks