-->

Tuesday, July 2, 2013

သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ ညမထွက်ရ အမိန့်ထုတ်

By Popular News

သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ ညမထွက်ရ အမိန့်ထုတ်သံတွဲမှာ အမျိုးသမီး တစ်ဦးကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွား ခဲ့ပါတယ။် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်း သိရှိရတဲ့ သတင်းများ အရ ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ် ကနေ သံတွဲ ကို အဝေးပြေး ကားနဲ့ ရောက်လာတဲ့ အမျိုးသမီး တစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွား ပါတယ်။
ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီး တစ်ယောက်တည်း ငိုနေတာ တွေ့တဲ့ သူများက ညနေ ၄ နာရီမှာ ရဲစခန်းကို လာပို့ပါတယ်။ အဲဒီ အမျိုးသမီးက သူ့ကို ဆိုင်ကယ် ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ်လို့ တိုင်ကြား ခဲ့ပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင် တစ်ဦးက စော်ကား တယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့ အတွက် ညနေငါးနာရီခန့်မှာ လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေး ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန် သူများကို စုံစမ်းဖော်ထုတ် ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်း ခဲ့ပါတယ်။
ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ် ရပ်ကွက်မှာ အိမ်နှစ်လုံး မီးရှို့မှုဖြစ်ပွား ခဲ့ကြောင်း၊ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရပါတယ်။ အခု အချိန်မှ ဒေသ အာဏာပိုင်များက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ဝင်ထွက် လမ်းများကိုလည်း ပိတ်ထားကြောင်း သိရပါတယ်။ ပြစ်မှု ကျူးလွန် သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဥပဒေနဲ့ အညီဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက် နေပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks