-->

Wednesday, July 24, 2013

သင့်ကလေး စိတ်ဓာတ်ကျနေသလား

သင့်ကလေး စိတ်ဓာတ်ကျနေသလားကလေးတွေဟာလည်း လူကြီးတွေလိုပဲ စိတ်ဓာတ်ကျ တတ်ပါတယ်။ ကလေးတွေ စိတ်ဓာတ်ကျ နေတဲ့အခါ အုပ်ထိန်းသူ လူကြီးမိဘတွေက သိနားလည်ပြီး ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့ ပံ့ပိုးပေးသင့်ပါတယ်။
သိနားလည်အောင် ကြိုးစားပါ
ကလေးဟာ စိတ်ဓာတ်ကျနေသ လားဆိုတာ အရင်ဆုံး သိနားလည် အောင် ကြိုးစားသင့်ပါတယ်။ ကလေးရဲ့ ဦးနှောက်ထဲမှာ ဓာတ်ပစ္စည်းတွေ မညီမျှ တာကြောင့် ဒါမှမဟုတ် ပူဆွေးသောက ကြုံရတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြောင့် ကလေးတွေ စိတ်ဓာတ်ကျဝေ ဒနာ ဖြစ်တတ်ပါတယ်။
ကလေး၏ အပြုအမှုများကို ဆန်းစစ်ပါ
လူကြီးတွေ စိတ်ဓာတ်ကျတဲ့အခါ အိပ်ရာထဲမှာ လဲလျောင်းပြီး နားနေတာ၊ သေချင်တဲ့ စကားပြောတာ၊ အရင်က ပျော်ရွှင်ကြည်နူးခဲ့တဲ့အရာတွေမှာ စိတ် ပါဝင်စားမှု မရှိတာတို့ ဖြစ်တတ်သလို ကလေးဟာ စိတ်ဓာတ်ကျလာပြီဆိုရင် ကျောင်းမတက်ချင်တာ၊ စိတ်တိုလွယ် တာ၊ ဂျီကျတာ၊ နေရထိုင်ရ ခက်ခဲတာ စတဲ့ အပြုအမူတွေ ဖြစ်တတ်ပါတယ်။
အနုပညာ ကုထုံးသုံးပါ
တေးဂီတ ပညာရှင်၊ စာရေးဆရာနဲ့ အနုပညာရှင်အများစုဟာ ငယ်စဉ်က စိတ်ဓာတ်ကျတဲ့ ဝေဒနာကို တွန်းလှန်နိုင် ဖို့ သူတို့ ခံစားချက်ကို အနုပညာအပေါ် သွန်းလောင်းရင်း အနုပညာကို ဖန်တီး နိုင်စွမ်း ရှိလာကြသူတွေ ဖြစ်လာတာပါ။ ဒါကြောင့် သင့်ကလေးကို ပန်းချီ၊ တေး ဂီတကိရိယာနဲ့ စာရေးဖို့ စာအုပ် စတာ အနုပညာကို ဖန်တီးခွင့် ပေးထားပါ။ သင့်ကလေးနဲ့ အတူထိုင်ပြီး သူဖန်တီးတဲ့ အနုပညာဖန်တီးမှုကို အားပေးပါ။ ဒီ နည်းလမ်းဟာ စိတ်ကျဝေဒနာကို သက် သာရာရစေတဲ့ နည်းဖြစ်ပါတယ်။
ခုန်ပေါက် ကစားခိုင်းပါ
ကလေးငယ်ဟာ လှုပ်ရှားမှု လုပ်တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေ တဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိမှုများ စေပြီး စိတ်ကျဝေဒနာကို သက်သာလျော့ ပါးစေပါတယ်။ ကလေးငယ်ဟာ အိပ်ရာ ထဲ လှဲပြီး စိတ်ဓာတ်ကျနေရင် အပြင်ကို ခေါ်ပြီး လမ်းလျှောက်ခိုင်းတာ၊ ကစား ကွင်းဆီ ခေါ်သွားတာတို့ ပြုလုပ်ပေးပါ။ ကခုန်တာ၊ ယောဂကျင့်တာ၊ အားကစား ခန်းမမှာ လေ့ကျင့်ခန်းလုပ်တာ၊ တင်းနစ် ရိုက်တာ၊ တောင်တက်တာ စတဲ့ နည်း တွေဟာ စိတ်ဓာတ်ကျဝေဒနာကို သက် သာစေတဲ့ နည်းတွေ ဖြစ်ပါတယ်။ သင့်ကလေးဟာ စိတ်ဓာတ်ကျနေ တယ်ဆိုရင် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ကလေးကို ဆေးဝါးကုသမှုပေးတဲ့အ ခါ ကလေးရဲ့ စိတ်ခံစားမှုကို ကောင်းမွန် မြင့်မားစေရုံသာမက အနာဂတ်ဘဝ တက်လမ်းကိုလည်း အဆင်ပြေချောမွေ့ စေပါတယ်။
                                                                                                                                                          ဇွန်

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks