- By ရိုးရာလေး
၆၆
နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ဂုဏ်ပြုပွဲများကို ပြည်နယ်နှင့်
တိုင်းဒေသကြီး များတွင် ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးတွင် ကျင်းပတဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြား ခဲ့ပါတယ်။၆၆ နှစ်မြောက် အာဇာနည်နေ့တွင် နေပြည်တော် ပျဉ်မနားမြို့၏ ကျက်သရေဆောင် မင်္ဂလာရှမ်းကန် အနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ကျေးရုပ်တုတွင် မနေ့က နံနက် ၉း၀၀ နာရီမှ စတင်၍ ဒေသခံများ လာရောက်ကြကာ လွမ်းသူပန်းခွေများ ချလျှက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များကို ဂါဝရပြုခဲ့ပါတယ်။ အာဇာနည် ဗိမာန်သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာရောက်ဂါရဝပြုခဲ့ ပါတယ်။
မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေကို ရန်ကုန်မြို့က ရာပေါင်း များစွာသော ကျောင်းသားပြည်သူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေက ဥသြဆွဲ၊ ကားဟွန်းတီးပြီး အလေးပြုခဲ့ ကြပါတယ်။
၆၆နှစ်မြောက် အာဇာနည်နေ့တွင် မုံရွာမြို့သူမြို့သားများမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် ဂါရ၀ပြုခဲ့ကြပါတယ်။ အာဇာနည် ခေါင်းဆောင်များအား မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ တက်ရောက်ဂါရဝ ပြုခဲ့ကြပါတယ်။ အာဇာနည် ဗိမာန်သို့ မသန်စွမ်းသူများ အသင်းမှလည်း တက်ရောက် ဂါရဝပြုခဲ့ ကြပါတယ်။
အာဇာနည်ဗိမာန်သို့ ၈၈ မျိုးဆက် ကျောင်းသား များမှလည်း လာရောက် ဂါရဝပြုခဲ့ကြပါတယ်။ ထို့ပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၆နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။








0 comments:
Post a Comment