-->

Tuesday, July 2, 2013

တောင်ကိုရီးယားအစိုးရဝက်ဘ်ဆိုက်အချို့ ဆိုက်ဘာတိုက်ခိုက်မှုကြုံ

From : bbc


သမ္မတရုံး ဝက်ဘ်ဆိုက်နှင့် အခြားသော အစိုးရ ဝက်ဘ်ဆိုက်နှင့် မီဒီယာ ဝက်ဘ်ဆိုက်များသည် အင်္ဂါနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း သတင်းများက ဆိုသည်
တောင်ကိုရီးယားအစိုးရဝက်ဘ်ဆိုက်အချို့ ဆိုက်ဘာတိုက်ခိုက်မှုကြုံ
တောင်ကိုရီးယား နိုင်ငံတွင် အစိုးရဝက်ဘ်ဆိုက်အချို့မှာ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။ သမ္မတရုံး ဝက်ဘ်ဆိုက်နှင့် အခြားသော အစိုးရ ဝက်ဘ်ဆိုက်နှင့် မီဒီယာ ဝက်ဘ်ဆိုက်များသည် အင်္ဂါနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုက်ဘာ တိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း သတင်းများက ဆိုသည်။ ယခု ထိုးဖောက် တိုက်ခိုက်မှုကို လုပ်ဆောင်နေသော Hackerများ၏ ရင်းမြစ်နှင့် လားရာတို့ကို တိတိကျကျ မသိရသေးချေ။

cyber attack

(၁၉၅၀-၅၃) ကိုရီးယားကျွန်းဆွယ် စစ်ပွဲ စတင်မှု နှစ်ပတ်လည် နီးကပ်လာချိန်တွင် ယခုလို အခြေအနေများ ကြုံလာရခြင်း ဖြစ်သည်။ အဆိုပါ စစ်ပွဲသည် ကိုရီးယားကို တောင်နှင့်မြောက် နှစ်နိုင်ငံ ကွဲသွားစေခဲ့သည်။ "အစိုးရ အနေနဲ့ အမည်မသိ Hackerတွေက ဆိုက်ဘာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဝက်ဘ်ဆိုက်တချို့ ပိတ်သွားတယ် ဆိုတာကို အတည်ပြုနိုင်ပါတယ်။ အိမ်ပြာတော် ဝက်ဘ်ဆိုက်လည်း ပါဝင်ပါတယ်"ဟု သိပ္ပံရေးရာ ဝန်ကြီးဌာနက ကြေညာချက် တစ်စောင်ကို သမ္မတရုံးကိုယ်စား ထုတ်ပြန်ပေးခဲ့သည်။

တောင်ကိုရီးယားတွင် ယခုဆိုက်ဘာ တိုက်ခိုက်မှုသည် နောက်ကွယ်၌ မြောက်ကိုရီးယားနိုင်ငံ ရှိနေကြောင်း တီးတိုး ဝေဖန်မှုများမူ ထွက်ပေါ်လျှက် ရှိသည်။ ယခုနှစ်၊ မတ်လ (၂၀)ရက်နေ့ကလည်း အလားတူ တိုက်ခိုက်မှုများကြောင့် တောင်ကိုရီးယားတွင် ဘဏ်လုပ်ငန်းကြီးများနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဌာနကြီး (၆)ခုတို့ လုပ်ငန်း ယာယီ ရပ်ဆိုင်းခဲ့သလို ကွန်ပျူတာပေါင်း (၃၂၀၀၀)ကျော်ကို ထိခိုက် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks