-->

Tuesday, July 23, 2013

ဂူဂယ်လ်ကွန်ပျူတာမျက်မှန်ထက် ဈေးသက်သာမည့် GLASSUP မျက်မှန်

 

GlassUp အနေဖြင့် ဂူဂယ်လ်၏ ကွန်ပျူတာမျက်မှန်ထက် ဈေးသက်သာမည့် မျက်မှန်ထုတ်ရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။

အီတလီကုမ္ပဏီတစ်ခုဖြစ်သော GlassUp မှ ထုတ်လုပ်မည့် အဆိုပါမျက်မှန်မှာ စမတ်ဖုန်းများနှင့် တွဲဖက် အလုပ်လုပ်မည်ဖြစ်ပြီး အီးမေးလ်များ၊ မက်ဆေ့ခ်ျများနဲ့ ဖေ့စ်ဘွတ်သတင်းများအား ကြည့်ရှုနိုင်မည်ဖြစ် သည်။
ယင်းမျက်မှန်အား တီထွင်သူ Gianluigi Tregnaghi က ဂူဂယ်လ်မှ မျက်မှန်ထုတ်လုပ်ရန် မကြေညာမီ နှစ်နှစ်အလိုကတည်းက တီထွင်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဂူဂယ်လ်မျက်မှန်နှင့် မတူညီသည့်အချက်များမှာ သတင်းအချက်အလက်များပြသသည့် ပုံသဏ္ဌာန် မတူခြင်းနဲ့

 ဈေးနှုန်းကွာခြားခြင်းများဖြစ်သည်။ ဂူဂယ်လ်မှ မျက်မှန်တစ်လက်အား အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့်ရောင်းချနေပြီး GlassUp မှာ အမေရိကန်ဒေါ်လာ ၃၃၉ ဖြင့် ရောင်းချမည်ဖြစ်သည်။

GlassUp မျက်မှန်မှာ မက်ဆေ့ခ်ျများ၊ အီးမေးလ်များအား ကြည့်ရှုနိုင်မည်ဖြစ်သော်လည်း၎င်းတို့အား

 ပြန်လည်အကြောင်းပြန်ရန်နှင့် ဓာတ်ပုံရိုက်ခြင်းမပြုလုပ်နိုင်သည့်အတွက် အချက်အလက်များ လက်ခံ
 ကြည့်ရှုနိုင်သည့်အဆင့်တွင်သာရှိသေးသည်။

စမတ်ဖုန်းအတွင်းမှ မက်ဆေ့ခ်ျများမှာ Bluetooth မှတစ်ဆင့်မျက်မှန်ဆီသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အသုံးပြုသူ၏ ရှေ့တည့်တည့် မျက်မှန်ဖန်သားပြင်ပေါ်ရှိ မှန်ဘီလူးပေါ်တွင် ပေါ်လာမည်ဖြစ်သည်။

ဂူဂယ်လ်မျက်မှန်နှင့် မတူသည့်အခြား အချက်တစ်ချက်မှာ “သတင်းအချက်အလက်များအား အမြင် အာရုံကြော၏ အလယ်ဗဟိုတွင် ဖော်ပြထားမည်ဖြစ်ပြီး လေကာမျက်မှန်ပေါ်တွင် စာဖတ်နေရသကဲ့သို့ ဖြစ်နေအောင် ဖန်တီးထားသည့်အတွက် အသုံးပြုသူအနေဖြင့် များများစားစားအာရုံစိုက်ရန်မလို”ဟု ကုမ္ပဏီက ဆိုသည်။

အဆိုပါမျက်မှန်တွင်ပါရှိသည့် ဘက်ထရီမှာ နာရီပေါင်း ၁၅၀ ကြာအသုံးပြုနိုင်မည်ဖြစ်ပြီး ပါဝါမျက်မှန် တပ်ဆင်သူများအတွက် ၎င်းတို့နှင့် ကိုက်ညီသည့်မျက်မှန်များအား မကြာမီထုတ်လုပ်တော့မည်ဟု လည်း သိရသည်။

GlassUp ဟူသော ကုန်ပစ္စည်းတံဆိပ်အပေါ် ဂူဂယ်လ်မှအာရုံစိုက်လာပြီဖြစ်ပြီး အမည်အား ပြောင်းလဲ သုံးစွဲရန် ဂူဂယ်လ်မှ တောင်းဆိုထားသည်ဟု သိရပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks