-->

Thursday, June 20, 2013

Apple ရဲ့  အဓိကကျသော လူက ဘယ်သူလဲ

Screen Shot 2013-06-12 at 11.50.40 AMဇွန်လ ၁၀ ရက်နေ့က iOS 7 ကို Apple တို့ မိတ်ဆက်ပြသပြီး လူအတော်များများ မဖြေနိုင်တဲ့ မေးခွန်းကို ရှင်းလင်းသွားစေခဲ့ပါတယ်။ ယင်း ကတော့ Apple ရဲ့  လက်ရှိ အဓိက အကျဆုံးသူက Jonathan Ive ဖြစ်ကြောင်း သိရပါတယ်။
လေ့လာသူအားလုံး မှ တူညီသော အသံထွက်ရှိလာမှုပါ။ စင်ပေါ်မတက်ခဲ့ ပေမယ့် Jonathan ရဲ့ ကြိုးပမ်းမှုကို ဗီဒီယိမှာ ထည့်သွင်း ဖော်ပြတော့ Apple ရဲ့ iOS 7 ဖန်တီးမှုမှာ သူဘယ်လောက်အားပါတယ်ဆိုတာ သိသာ မြင်သာ စေခဲ့ပါတယ်။
အသက် ၄၆ နှစ်ရှိပါပြီ။ ၁၉၉၆ ခုနှစ်ကစလို့ Apple ကို Join ပြီး ကြိုးစား လုပ်ကိုင်လာသူ ဖြစ်ပါတယ်။ ယနေ့မှာ သူဟာ Senior Vice President ရာထူး ရရှိထားသူပါ။ iPhone 5S မှာလည်း Jonathan ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေ တွေ့ရအုံးမယ်လို့ယုံကြည်ထားကြပါတယ်။
သူက လန်ဒန်မှာ ဒီဇိုင်း နဲ့ အနုပညာမှာ ဘွဲ့ရထားသူ ဖြစ်ပါတယ်။ Apple ကိုယ်စားပြုပြီးတော့ တစ်နှစ်တာ ဒီဇိုင်နာဆုကိုလည်း ၂၀၀၃ ခှုနှစ်တုန်းက ရခဲ့ဖူးပါတယ်။ အင်္ဂလန်ကပေးတဲ့ တော်ဝင်ဒီဇိုင်နာဆုလည်း ရရှိပါတယ်။
Apple ရဲ့ တူမတူတဲ့ အသွင်အပြင်၊ဒီဇိုင်းအားလုံး Jonathan ဆီက လာတာ မို့ကမ္ဘာ့ နည်းပညာ လောကက လေးစားတဲ့လူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks