-->

Thursday, June 20, 2013

ရွှေဝယ်လိုအား မြင့်တက်လာမှုကြောင့် ပြည်ပရွှေ တင်သွင်း

ရွှေဈေးကျ၍ ဝယ်လိုအား မြင့်တက်လာမှု ပြည်ပရွှေ တင်သွင်းခြင်းဖြင့် ဖြေရှင်းနေရကမ္ဘာ့ ရွှေဈေးနှင့် အပြိုင် မြန်မာ့ရွှေဈေး သိသာစွာ ကျဆင်း ခြင်းကြောင့်  ဝယ်လိုအားမြင့် တက်မှုကို ပြည်ပရွှေဖြင့် ဖြေရှင်း ပေးနေရကြောင်း ရွှေလုပ်ငန်းရှင် အချို့ထံမှ သိရသည်။ 
ယခုလအတွင်း ကမ္ဘာ့ရွှေဈေး ၇ အောင်စလျှင် ကန်ဒေါ်လာ ၂ဝဝ ခန့် ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးမှာလည်း ယခင်ပေါက်ဈေးမှ ကျပ် ခုနှစ်သောင်းခန့် ကျဆင်းခဲ့ပြီး ပြည်တွင်း ရွှေအရောင်းအဝယ် ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာ မြင့်တက်လာခဲ့ရာ ဈေးကွက် အတွင်းရှိ ပြည်တွင်း ရွှေဖြင့် လုံလောက်မှု မရှိ၍ ပြည်ပရွှေဖြင့်ဝယ် လိုအားလိုအပ် ချက်ကို ဖြည့်ဆည်း ပေးနေရသည်ဟု ရွှေလုပ်ငန်းရှင် အချို့ကဆိုသည်။ ”မြန်မာ့ရွှေ ဈေး ဒီလောက်အကျကြမ်းတာ ဆယ်စုနှစ် အတွင်း ဒီတစ်ခါပဲ ကြုံဖူးသေးတယ်” ဟု အောင်သမာဓိ ရွှေဆိုင်ရှင် ဦးအောင်က ပြောသည်။

မတ်လအတွင်းက ဒေါ်လာဈေး သိသာစွာ မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး အနည်းငယ် မြင့်တက်လာပြီး နောက်ပိုင်း မြန်မာ့ အခေါက်ရွှေ ဈေး သည် ကျပ်ခုနှစ်သိန်းသုံးသောင်းနှင့် လေး သောင်းကြားတွင် ငြိမ်နေရာမှ သင်္ကြန်အပြီး၌ ကမ္ဘာ့ရွှေဈေးနှင့်အပြိုင် မြန်မာ့ရွှေဈေး သိသာစွာ ကျ ဆင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ရွှေလုပ်ကွက်များ၏ ထုတ်လုပ်မှု အသုံးစရိတ် ကျဆင်းမှု မရှိခြင်းကြောင့် ပြည်တွင်းရွှေ ထုတ်လုပ်သူများ အနေဖြင့် ကမ္ဘာ့ရွှေဈေး အကျတွင် ရွှေထုတ်ရောင်းချ နိုင်ခြင်းမရှိဘဲ ပြည်ပရွှေ များပြည်တွင်းဈေးကွက် အတွင်း ရောင်းဝယ်ခြင်း ဖြင့်သာ ဈေးကွက်လည် ပတ်နေရသည်ဟု ရွှေလှော်ဖို လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
”ဒီလိုလိုင်းတွေ ရှိလို့သာ ကမ္ဘာ့ရွှေဈေးနဲ့ အပြိုင် မြန်မာ့ရွှေဈေး ကျနိုင်တာပါ။ နို့မို့သာဆို ကမ္ဘာ့ရွှေဈေး ကျလည်း ကျကျပဲ ရှိမှာပဲလေ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်း အသုံးစရိတ်မှ ကျမသွားတာ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ပြည်တွင်းသို့ မူဆယ်နှင့် မော်လမြိုင်ဘက် များမှ ပြည်ပရွှေများ အောက်လမ်းဖြင့် ပုံမှန်ဝင် ရောက်ပြီး အဆိုပါ နေရာများကို ရွှေအဝင် အထွက် လမ်းကြောင်းအဖြစ် အသုံးပြုကာ လုပ်ငန်းလုပ် ကိုင်နေသော လိုင်းများရှိကြောင်း ရွှေလုပ်ငန်း ရှင်များ ထံမှသိရသည်။
’ကမ္ဘာ့ရွှေဈေး ကျတဲ့အကြောင်းတော့ ကျွန်တော်လည်း သေချာမပြောနိုင်ဘူး မြန်မာ့ရွှေ အတက်အကျကတော့ ကမ္ဘာ့ရွှေနဲ့ နွယ်နေတာပါပဲ’ ဟု ၄င်းက ဆိုသည်။ သင်္ကြန်မတိုင်မီ ကာလအတွင်း မြန်မာ့ အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းသည် ခုနစ်သိန်း လေးသောင်းအတွင်း ဈေးရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၆ဝဝ ဈေး ဖြစ်ပေါ်ခဲ့သည်။ သင်္ကြန်အပြီး၌ မြန်မာ့ရွှေဈေးသည် ခြောက်သိန်း ခုနစ်သောင်း အထက် ဈေးရှိကာ ကမ္ဘာ့ရွှေ ဈေးမှာ ကန်ဒေါ်လာ ၁၃၇၅ ဈေးရှိခဲ့သည်။
ယင်းကဲ့သို့ ရွှေဈေးကျသော ကာလများ အတွင်း ရွှေဆိုင်ကြီးများ၏ ရောင်းအားနှုန်းမှာ ပိဿာနှင့် ဝယ်ယူသူများရှိကြောင်း အဆိုပါ ရွှေဆိုင်ကြီးများ ထံမှ သိရသည်။ မြန်မာ့ အခေါက်ရွှေ ပေါက်ဈေးမှာ ယခုလ ၂၃ ရက်နေ့ တွင် ကျပ် ၇၁၅၅ဝဝ ဈေးရှိကာ ၁၅ ပဲရည် တစ်ကျပ်သား လျှင် ၆၈ဝဝဝဝ ရှိပြီး ကမ္ဘာ့ ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၄၂၄ ရှိကြောင်း ဈေးကွက်မှ သိရသည်။
အိမ်စည်စိုးစံ

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks