By ရိုးရာလေး
ဟိုအရင်လို ပြုံးပြုံးလေး နေပေးပါလား...........မင်းပန်ဆင်ဖို့ 
ကြယ်တွေကို တစ်ပွင့်ချင်း
ယုယစွာ သီကုံးပေးချင်လို့ ...........................။
မျက်လုံးလေးခဏလောက်. မှိတ်ပေးပါလား .................
ဘယ်သူမှ ဖျက်ဆီးလို့ မရတဲ့
မြတ်နိုးခြင်းအနမ်းတပွင့်
ဟိုအရင်လို တယုတယ. လက်ဆောင်ပေးချင်လို့ .......................။
မင်းစိတ်အလိုမကျတိုင်း
ကြက်သွေးရောင်
နှုတ်ခမ်းထူထူလေးကို ဆူပြီး ခလေးလေးတစ်ယောက်လို
အပြစ်ကင်းစွာ
စိတ်ကောက်ပြပါလား.................................
မင်းရဲ့ အနားမှာ ဂစ်တာလေးတီးပြရင်း
ဟိုအရင်လို ကြည်နူးစွာ ချော့ချင်လို့ ........................။
ဟိုအရင်လို ငါ့ရင်ခွင်ထဲမှာ
ပုခုံးလေးကို မှီရင်း
ခဏလောက်ငြိမ်သက်စွာ နားထောင်ပေးပါလား. .................
လရောင်ဆမ်းထားတဲ့
အလွမ်းခါးခါးပုံပြင်လေးတစ်ပုဒ်ကို
ပြောပြချင်လို့ .....................................။. ။
ပညတ်ချက်တွေ ဟိုအရင်လို မမောတမ်း ပြောပြပေးပါလား.............
ကလေးငယ်တစ်ယောက်လို
မင်းစကားတွေ နားထောင်ချင်သေးလို့ ............................။
ဘယ်လောက်ချစ်လဲလို့ 
နားနားကပ်ပြီး တိုးတိုးလေး ဟိုအရင်လို. မေးပေးပါလား ..............
လရောင်ဆမ်းထားတဲ့ သမုဒယ ကဗျာတွေကို
မင်းမျက်နှာလေးကို ငေးကြည့်ရင်း
မင်းရဲ့ ရှေ့ မှာ ငွါးငွါးစွန့် စွန့်  ရွတ်ပြချင်လို့  ...............................။. ။. ။








0 comments:
Post a Comment