ညီမအခု ကိုနေနွေးနဲ့ ကားရိုက်နေပါတယ်။ နေပြည်တော်ကိုလည်း ကားရိုက်ဖို့
အတွက် သွားစရာရှိတယ်။ ဒီဇွန်လ ကုန်လောက်မှာ အမျိုးသမီးရေးရာ
ရှိုးလျှောက်ဖို့  ရှိပါတယ်။ လူတိုင်းက လွတ်လပ်ချင်ကြတယ်။ ကိုယ့်ကိုယ်
ချုပ်နှောင်တာမျိုး ဘယ်သူမှ မကြိုက်ကြဘူး။ အဲ့ဒါက လူတိုင်း လိုလိုပါပဲ ။
လူကြီးတွေက အစပေါ့။ လွတ်လပ်ချင်တာက အပြစ်မှ မဟုတ်တာ။ အရင်တုန်းက လွတ်လပ်မှူ
မရတော့ တောင်းတကြတယ်။ အခု လွတ်လပ်မှူ ရလာတော့ ဆိုးလာကြတယ်။ ဥက္ကဌ
အပြောင်းအလဲ ကလည်း ကောင်းသောပြောင်းလဲခြင်းပဲ ဆက်ဖြစ်လာမယ်လို့ ထင်ပါတယ်။ဦးဇင်ဝိုင်းတုန်းကလည်း ဦးဇင်ဝိုင်း အလျောက် အကောင်းဆုံး တာဝန်ယူဆောင်ရွက်ခဲ့တာပါ ။ အခု အန်ကယ်လေး ဆိုတော့လည် အန်ကယ်လေးပေါ့။ တက်လာတဲ့လူ အကုန်လုံးက ရုပ်ရှင်လောကကြီး ဖွံ့ ဖြိုး တိုးတက်အောင် လုပ်မယ့်သူချည်း ပါပဲ။ ဆုတ်ယုတ်အောင် လုပ်မယ့်သူ ဘယ်သူမှ မရှိဘူး။ အဲဒါကြောင့် ဘယ်သူပဲ တက်လာတက်လာ ယုံကြည်ပါတယ်။ ကြိုဆိုပါတယ်။ အခုနောက် ပိုင်းမှာ အချို့ လူတွေ အထင်လွဲနေတဲ့ ကိစ္စ အကြောင်းအရာတွေ ၊ အပြောများနေတဲ့ ကိစ္စတွေဟာ ကင်မရာရဲ့ လှည့်စားမှူကြောင့် ဖြစ်တယ်ဆိုတာ သိစေချင်ပါတယ်။ တစ်ခုခုဆိုရင် အပြင်မှာ တကယ် လုပ်နေတယ်ပဲ ထင်ကြတယ်။ ဥပမာ- ထိုးကြိတ်တဲ့ အခန်းတွေ ဆိုရင် ပင်ပန်းပေမယ့် တကယ် ထိုးကြိတ်တာ မဟုတ်ဘူး ။ အသံ effect တွေလည်းပါတော့ တကယ် ထိုးတယ် ထင်ကြတယ်။ အကုန်လုံးက ဟန်ဆောင်နေကြတာ။ အနုပညာကို ချပြနေကြတာ ပါဆိုတာ နားလည်စေချင်ပါတယ်။ ဇာတ်လမ်း တစ်ခုမှာ ဒီဇာတ်ဝင်ခန်း တစ်ခန်းကို ကိုယ်မကြိုက်တာနဲ့ ဘဲ ဇာတ်ကား တစ်ကားလုံးကို လက်လွှတ်လိုက်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး ။ တကယ်တော့ ဇာတ်ဝန်ခန်း တစ်ခုကို စိတ်ဝင်စားပြီး ဟန်ဆောင် သရုပ်ပြနေကြတာပါ။
ဒါရိုက်တာရဲ့ ကျွမ်းကျင်စွာ ဖန်တီးမှူ ၊ ကင်မရာရဲ့ လှည့်စားမှူ ၊ အနုပညာရဲ့ သရုပ်ဆောင်ကောင်းမှူတွေလည်း အများကြီး ပါပါတယ်။ အကယ်လို့ ကိုယ့်ဆီကို ဇာတ် တစ်ဇာတ် လာတယ်ပေါ့။ အဲဒီ ဇာတ်ထဲက အခန်း တစ်ခန်းကို မကြိုက် လို့ ဒီဇာတ် ဝင်ခန်းကို သမီး မရိုက်နိုင်ဘူးဆိုပြီး ငြင်းလိုက်မယ်ဆိုရင် ဒီအနုပညာလောကမှာ လုပ်စားလို့ ရမှာ မဟုတ်ဘူး ။ အဲဒါကြောင့် ညီမကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်တွေကို အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်သွားဖို့ ၊ ကြိုးစားသွားဖို့ ပဲ ခေါင်းထဲမှာ စဉ်းစားထားပါတယ်။
TY








0 comments:
Post a Comment