-->

Saturday, June 22, 2013

လူတစ်သန်းကျော် ဆန္ဒပြနေသော်လည်း တိုက်ကြီးများဖလားပြိုင်ပွဲ ဆက်ကျင်းပမည်

လူတစ်သန်းကျော် ဆန္ဒပြနေကြသော်လည်း တိုက်ကြီးများဖလားပြိုင်ပွဲ ဆက်ကျင်းပမည်ဘရာဇီးတွင် ပရိသတ်တစ်သန်းကျော် ဆန္ဒပြခဲ့သောကြောင့် တိုက်ကြီးများဖလား ပြိုင်ပွဲကို ဖျက်သိမ်းဖွယ်ရှိသည်ဟု
သတင်းထွက်ပေါ်နေသော်လည်း ဖီဖာက ပယ်ချသွားခဲ့သည်။ ဘရာဇီးသည် တိုက်ကြီးများဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၆ အိုလံပစ် ပြိုင်ပွဲများကိုလည်း အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သောကြောင့် ကွင်းပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နေ
ရပြီး ယင်းအတွက် ကုန်ကျငွေမှာ ပေါင် ၂၆ဘီလီယံထိ ရှိနေသည်။
သို့သော် ပြည်တွင်း၌မူ ၀န်ဆောင်မူ ညံ့ဖျင်းခြင်း၊ ဆေးရုံနှင့် ကျောင်းများတွင် လိုအပ်ချက်များရှိနေခြင်း၊ ဘတ်စ်ကားခ လက်မှတ်များ ဈေးနှုန်းကြီးမြင့်လာခြင်း
တို့ကြောင့် ဘရာဇီးပြည်သူများမှာ မကျေမနပ်ဖြစ်နေကြပြီး ပြည်သူ့ဘဏ္ဍာများကို အဆမတန် သုံးစွဲနေသည့် အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။ ထို့အတွက် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး နှိမ်နင်းလျှက်ရှိပြီး အကြမ်းမဖက်သည့် ဆန္ဒပြပွဲများကို ထောက်ခံသည်ဟု ဘရာဇီးနောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်က ဆိုသည်။
နိုင်ငံတွင်း မငြိမ်သက်မှုများကြောင့် ဘရာဇီးသမ္မတ ရိုဆဲလ်၏ ပြည်ပခရီးစဉ်မှာလည်း ဖျက်သိမ်းခဲ့ရပြီး တိုက်ကြီးများဖလားတွင် လုံခြုံရေးအန္တရာယ်ရှိလာနိုင်သောကြောင့် ပြိုင်ပွဲဖျက်သိမ်းဖွယ်ရှိကြောင်း သတင်းထွက်ခဲ့သော်လည်း ထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ဟု ဖီဖာမှအတည်ပြုထားသည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks