-->

Tuesday, June 25, 2013

ရီးရဲလ် အန်စလော့တီနှင့် ရှေ့ခရီးဆက်တော့မည်

ရီးရဲလ် အန်စလော့တီနှင့် ရှေ့ခရီးဆက်မည်ရီးရဲလ်သည် ပီအက်စ်ဂျီနည်းပြ ကားလို့စ်အန်စလော့တီကို သုံးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အန်စလော့တီမှာ ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း ကတည်းက ပီအက်စ်ဂျီမှ ထွက်ခွာရန် ဆွေးနွေးနေသူဖြစ်ပြီး ယခုအခါတွင် ရီးရဲလ်သို့ပြောင်းရွှေ့လိုသော ၎င်း၏ မျှော်လင့်ချက်မှာလည်း ပြည့်ဝလာခဲ့သည်။
အန်စလော့တီသည် ၂၀၁၁ခုနှစ် ဒီဇင်ဘာတွင် ပီအက်စ်ဂျီ နည်းပြအဖြစ် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်း၏ ပထမဆုံးရာသီတွင် လီဂူး-၁ဖလား ဒုတိယနေရာသာ ရရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့် ရာသီက ပီအက်စ်ဂျီိအတွက် ၁၉နှစ်ကြာဝေးကွာနေသော လီဂူး-၁ဖလား ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
အန်စလော့တီကို အသင်းမှထွက်ခွာခွင့်ပေးခဲ့ပြီးနောက် ပီအက်စ်ဂျီမှာ ပြင်သစ်နည်းပြဟောင်း လောရင့်ဘလန့်ကို ၂နှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ခဲ့ပြီး ၎င်းအနေဖြင့် ဇူလိုင်လ ၁ရက်နေ့တွင် ပီအက်စ်ဂျီ နည်းပြအဖြစ် စတင်တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks