ရှာရာပိုဗာဟာ တင်းနစ်မယ်တစ်ယောက် ဆိုပေမယ့် ဘောလုံးနဲ့ပတ်သက်ပြီးခေသူ မဟုတ်ဘူး ဆိုတာကိုလည်း ပြသလိုက်ပါပြီ။ပုံမှာမြင်ရတာကတော့ဝင်ဘယ်ဒန် အိုးပင်းတင်းနစ် ပြိုင်ပွဲအတွက် ကွင်းအမှတ် ၁၆မှာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ရှာရာပိုဗာဖြစ်ပြီး တင်းနစ်ကွင်းထဲမှာ သူဒီလို ဘောလုံးတော့တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒါပေမဲ့ လေ့ကျင့်ရေးမှူးတွေကတော့ ရှာရာပိုဗာရဲ့ဘောလုံး ကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး အံ့အားသင့်ခဲ့ရသလို ၁၀မိနစ်ကြာအထိဘောလုံးကစားခဲ့တယ်လို့ သိရပါတယ်။ ရှာရာပိုဗာဟာ ၀င်ဘယ်ဒန် အိုးပင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ အမ်ဒါနိုဗစ်ကို ၇-၆၊ ၆-၃နဲ့ အနိုင်ရခဲ့ပြီး ဒုတိယမြောက် ၀င်ဘယ်ဒန် ချန်ပီယံဘွဲ့အတွက် မျှော်လင့်နေပြီး ဂရင်းစလင်း ပြိုင်ပွဲတွေမှာ ငါးကြိမ်မြောက် အောင်ပွဲခံဖို့ စိတ်အားထက်သန်နေသူပါ။
zaw zaw tun








0 comments:
Post a Comment