-->

Thursday, June 20, 2013

ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ

By ရိုးရာလေး

programအသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။
စိန်ရှာသွားတဲ့ Charater ဟာ သွေးစုပ်ဖုတ်ကောင်များကို ရှောင်ရှားရတယ့် စွန့်စားခန်းဂိမ်းပဲ ဖြစ်ပါတယ်။ သူ့အသက် သူ့အရွယ်နဲ့ အခုလို လုပ်နိုင် တာကို အားလုံးက အံ့သြနေကြပါတယ်။ အမေရိကန်နိုင်ငံ အရှေ့ပိုင်း Philadelphia ပြည်နယ်က ဖြစ်ပြီး သူတက်တဲ့ ကျောင်းကလည်း Harambee Institute of Science ဖြစ်ပါတယ်။ အင်ဂျင်နေယာ၊ ကွန်ပြူတာ၊ Science, သင်္ချာ အစရှိသဖြင့် အားလုံး စုံစုံလင်လင် သင်ကြားပေးပြီး Zora Ball လို့ အမည်ရတဲ့ ယင်း ကလေးမ တစ်ယောက်ကတော့ အများထက် ထူးချွန်နေတာကို တွေ့မြင်ခဲ့ရ ပါတယ်။
Open-source software များ ဖြစ်တဲ့ Bootstrap နဲ့ Alice 2.0 တို့ကို အသုံးပြုပြီး Programming language ကတော့ Racket ဖြစ်တယ်လို့ ဆိုပါတယ်။ သူရှင်းပြတော့လည်း ဟုတ်နေပါတယ်။ ဆော့ကစားသူ၊ ပန်းတိုင်၊ ရှောင်ရားရမယ့် အရာ အချက်သုံးကို အခြေခံပြီး စွဲလိုက်တာလို့ ဆိုပါတယ်။ X ကနေ Y ကိုသွားလို့အတွက် ကြားမှာ Avoid လုပ်ရမယ် ဆိုတာ့ logic ကိုပဲ သုံးပြီး ဂိမ်းတစ်ခု ဖြစ်လာအောင် ဖန်တီးခဲ့ခြင်း ဖြစ် ပါတယ်။
ယင်းဗီဒီယိုဂိမ်းအပြင် အခြား မိုဘိုင်း ဂိမ်း Application တွေကို လည်း ရေးဆွဲနေပြီလို့ ဆိုပါတယ်။ သူ့အနေနဲ့ Java နဲ့ C programming တို့ကို အသုံးပြုပြီးတော့လည်း နောက်ထပ် Application အသစ်များ ဖန်တီးချပြအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks