-->

Thursday, June 20, 2013

တစ်နိုင်ငံတည်းသားကို အနိုင်ယူပြီး ပြင်သစ်အိုးပင်းတွင် နာဒယ် စံချိန်တင် ဗိုလ်စွဲနိုင်ခဲ့

တစ်နိုင်ငံတည်းသားကို အနိုင်ယူပြီး ပြင်သစ်အိုးပင်းတွင် နာဒယ် စံချိန်တင် ဗိုလ်စွဲနိုင်ခဲ့စပိန် တင်းနစ်သမားနှစ်ဦး ရင်ဆိုင်တွေ့ခဲ့သည့် ပြင်သစ် အိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရာဖေးလ်နာဒယ်မှာ ဖာရာကို ၆-၃၊ ၆-၂၊ ၆-၃ဖြင့် ၃ပွဲပြတ် အနိုင်ရကာ ဗိုလ်စွဲသွားနိုင်ခဲ့သည်။ ဖာရာမှာ ပြီးခဲ့သည့် ၁၀နှစ်အတွင်း ပြင်သစ်အိုးပင်း ဗိုလ်လုပွဲစဉ်များတွင် တစ်ကြိမ်မျှ ရှုံးနိမ့်ခဲ့ခြင်း မရှိကာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းမှာ ၎င်းအတွက် ၈ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲစဉ်၏ ဒုတိယပွဲ အစပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ပွဲကိုခေတ္တ ရပ်ဆိုင်းခဲ့ရသည့်အပြင် ကွင်းအတွင်း ၀င်ရောက် သောင်းကျန်းသူများကြောင့်လည်း အနည်းငယ် နှောင့်နှေးခဲ့ရသည်။
ပွဲပြန်လည် စတင်ချိန်တွင် မြေစေးကွင်းဘုရင် နာဒယ်မှာ အကောင်းဆုံးပုံစံ ပြန်ရခဲ့သည်။ နာဒယ်မှာ ဒူးဒဏ်ရာ ပြန်ကောင်းခဲ့ပြီးနောက် ဖာရာနှင့်တွေ့ဆုံခဲ့သည့် ပွဲစဉ် ၃ပွဲစလုံးကို အနိုင်ရခဲ့သူဖြစ်ကာ ဖာရာမှာမူ ယခုနှစ် ဂရင်းစလင်းပြိုင်ပွဲများတွင် ပထမဆုံးအကြိမ် ဖိုင်နယ် တက်ရောက်နိုင် ခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာ ယှဉ်ပြိုင်ခဲ့ရသော အဆိုပါပွဲစဉ်တွင် နာဒယ်မှာ ဖာရာကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ် အိုးပင်းကို စံချိန်တင် ဗိုလ်စွဲနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကာ တင်းနစ်သမိုင်း တစ်လျှောက် ဂရင်းစလင်းပြိုင်ပွဲတစ်ခုကို ရှစ်ကြိမ်ဗိုလ်စွဲနိုင်သူ အဖြစ်လည်း စံချိန်တင် သွားနိုင်ခဲ့သည်။
                                                                                                                                      zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks