By The Voice Journal
တစ်နိုင်ငံလုံး
ဆန္ဒပြပွဲ ဖြစ်ပွား နေခြင်းကို ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံရေး ပြုပြင်
ပြောင်းလဲမှု ပြုလုပ်ရန် ပြည်သူ့ ဆန္ဒခံ ယူပွဲ ပြုလုပ် သွားမည်ဟု ဘရာဇီး သမ္မတ
ဂီမာဟိုဆက် က ကတိပြု ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။
နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ ဘဏ္ဍာရေး တာဝန်ယူမှု၊ ကျန်းမာရေး၊ သယ်ယူ
ပို့ဆောင်ရေးနှင့် ပညာရေး တို့အပေါ် တိုးမြှင့် သုံးစွဲမှုတို့
ပြုလုပ်ပေးမည်ဟု သမ္မတ ဂီမာ အဆိုပြု ချက်တွင် ဖော်ပြထားသည်။ထို့အပြင် အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ ဆန္ဒခံယူပွဲဟု သမ္မတက အဆိုပြု ထားပြီး မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အတွက် ဒေါ်လာ ၂၅ ဘီလီယံ အသုံးပြု သွားမည်ဟု ကတိပြုလိုက်သည်။ ဘရာဇီး အုပ်ချုပ်ရေးမှူး များနှင့် မြို့တော်ဝန် များကိုလည်း ဘဏ္ဍာရေးရာ တာဝန်ယူမှု လိုအပ်နေကြောင်း ထုတ်ဖော် ပြောကြားသွားပြီး အကျင့်ပျက် လာဘ်စားမှု ပြုလုပ်ပါက ပြင်းပြင်း ထန်ထန် အရေးယူ သွားမည်ဟု သတိပေး လိုက်သည်။
"ကျွန်မတို့ အစိုးရက ဒီမိုကရက်တစ် အသံတွေကို နားထောင် နေပါတယ်။ လမ်းမပေါ်က အသံတွေကနေ သင်ယူရပါမယ်။ အဲဒီ အသံတွေကို ကျွန်မတို့ လူသား ဆန်ဆန် တိတိကျကျ နားလည်ဖို့ လိုပါတယ်" ဟု သမ္မတဂီမာက ပြောကြား သွားသည်။ သို့သော်လည်း အစိုးရအဖွဲ့က တိကျသော ကတိပြု ချက်များ ပေးအပ်ခြင်း မရှိခြင်းကြောင့် တိုက်ပွဲဝင် မှုများကို ဆက်လက်ပြုလုပ် သွားမည်ဟု ဆန္ဒပြခေါင်း ဆောင်တစ်ဦးဖြစ်သူ လန်ဂိုက ပြောကြား သွားသည်။
တနင်္လာနေ့ ညနေတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား ခဲ့သော်လည်း ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် ကကဲ့သို့ တက်ရောက်သူ များပြားခြင်း မရှိတော့ပေ။ ပြီးခဲ့သည့်ရက်များ အတွင်း မြို့ပေါင်း ၁၀၀ ကျော်တွင် လူသိန်းချီတက်ရောက်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများမှာ ဆာပေါလိုမြို့ သယ်ယူပို့ဆောင်ခ တိုးမြှင့်လိုက်ခြင်းကို မကျေနပ် ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
သယ်ယူ ပို့ဆောင်ခ တိုးမြှင့်ခြင်းကို အာဏာပိုင်များက ရပ်ဆိုင်းပေး ခဲ့သော်လည်း ဆန္ဒပြ သမားများက ကျေနပ်မှုမရှိ တော့ဘဲ ပိုမိုကျယ်ပြန့်သည့် တောင်းဆိုမှုများ ပြုလုပ်လာပြီး ဆန္ဒပြမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ပျံ့နှံသွားသည်။ အစိုးရ အဖွဲ့ကို အခွန်ငွေ အမြောက်အမြား ပေးဆောင် နေရသော်လည်း မိမိ တို့ပြန်ရသည့် ပြည်သူ့ ဝန်ဆောင်မှု များမှာ အနည်းငယ်သာ ရှိကြောင်း ဘရာဇီးနိုင်ငံ သားများက ထုတ်ဖော် ပြောကြားနေပြီး ကျန်းမာရေး၊ ပညာရေး အသုံး စရိတ်များ တိုးမြှင့်ပေးရန် တောင်းဆို ထားသည်။ ထို့အပြင် နိုင်ငံသား အများစု ဆင်းရဲ မွဲတေ နေချိန်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ လက်ခံကျင်းပခြင်း၊ အပြည်ပြည်ဆိုင်ရာ အားကစား ပွဲများ ကျင်းပခြင်းများ အတွက် အစိုးရ ဘဏ္ဍာငွေ အများအပြား သုံးစွဲမှု များကို ပြည်သူများက စိတ်ပျက်နေ ကြသည်။








0 comments:
Post a Comment