-->

Thursday, June 27, 2013

တီဗက်ဇ်ကိုခေါ်ယူရန် ဂျူဗင်တပ် သဘောတူညီမှုရ

By ရိုးရာလေး

တီဗက်ဇ်ကို ခေါ်ယူရန် ဂျူဗင်တပ် သဘောတူညီမှုရဂျူဗင်တပ်မှာ မန်စီးတီးတိုက်စစ်မှူး တီဗက်ဇ်ကို ပေါင် ၇.၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။ ဆေးစစ်မှုခံယူပြီးလျှင်တီဗက်ဇ်မှာ
ဂျူဗင်တပ်နှင့် ၃နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး လာမည့်သုံးနှစ်အတွင်း ဂျူဗင်တပ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ထပ်ဆောင်းပြောင်းရွှေ့ကြေးများ ရရှိမည့်အပြင် ချန်ပီယံလိဂ်ဖလား ရရှိပါကပေါင် ၂.၅သန်း ထပ်မံရရှိမည်ဟု သိရသည်။
တီဗက်ဇ်မှာ မန်စီးတီးတွင် တစ်ပတ်လုပ်ခပေါင် ၁၉၆၀၀၀ ရရှိနေသူဖြစ်ပြီး အပိုဆုကြေးခံစားခွင့် အပါအ၀င် ၎င်းအတွက် ပေးချေရမည့် ငွေကြေးမှာ ပေါင် ၁၇သန်းထိ ရှိနေသည်။ ထို့ကြောင့် လာမည့်ရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည့် တီဗက်ဇ်ကို ပေါင် ၇.၆သန်းဖြင့် ရောင်းချခဲ့ခြင်းမှာ မန်စီးတီးအတွက် မှန်ကန်သည်ဟု သုံးသပ်နေကြသည်။
သို့သော် တီဗက်ဇ်မှာ ပြီးခဲ့သည့်ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး ၎င်းကို ရောင်းချခဲ့ခြင်းကြောင့် မန်စီးတီးအနေဖြင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦး ပြန်လည်ခေါ်ယူရမည်ဟု မိုက်ကယ်အိုဝင်က မှတ်ချက်ချခဲ့သည်။
တီဗက်ဇ်ကိုခေါ်ယူရန် ဂျူဗင်တပ်နှင့်အပြိုင်အေစီမီလန်မှလည်း စိတ်ဝင်စားခဲ့ပြီး ၎င်းတို့အနေဖြင့် ရော်ဘင်ဟိုကို ရောင်းချရာမှ ရရှိသောပိုက်ဆံဖြင့် တီဗက်ဇ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရော်ဘင်ဟို၏ အပြောင်းအရွှေ့အတွက် ဆန်းတို့စ်နှင့် ဆွေးနွေးမှု ကြန့်ကြာခဲ့ခြင်းက တီဗက်ဇ်ကို မခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

zaw zaw tun

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks