-->

Saturday, June 22, 2013

အယ်လ်ဘာတို အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ပေးရန် လီဗာပူးလ် အသင်းအား ဆီဗီးလားအသင်း တောင်းဆို

အယ်လ်ဘာတို အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ပေးရန် လီဗာပူးလ် အသင်းအား ဆီဗီးလားအသင်း တောင်းဆိုဆီဗီးလား အသင်း၏ အားကစား ဒါရိုက်တာ ဖြစ်သူ ဗာဒီဂျိုမှ အသင်း၏ တိုက်စစ်မှူး ဖြစ်သူ အယ်လ်ဘာတို အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ပေးရန် လီဗာပူးလ် အသင်းသို့ တောင်းဆို ခဲ့သည်။ လီဗာပူးလ် အသင်း၏ နည်းပြ ရော်ဂျာသည် ယမန်နှစ်ရာသီက (၃၈)ပွဲတွင် (၁၁)ဂိုးသွင်းယူခဲ့သည့် တိုက်စစ် ကစားသမား အယ်လ်ဘာတိုအား အသင်းသို့ ခေါ်ယူရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။ ဗာဒီဂျိုမှ လီဗာပူးလ် အသင်းသည် အယ်လ်ဘာတိုအတွက် အလွန် ကောင်းမွန်းသော ကမ်းလှမ်းမှု တစ်ရပ်ပြုလုပ် ခဲ့သည်ဟု ဖွင့်ဟ ပြောဆို ခဲ့သော်လည်း ယင်းအား ခေါ်ယူလိုပါက ဒီထက်ပိုမိုသည့် ပြောင်းရွှေ့ကြေး ဖြစ်မှာသာ ရရှိနိုင်မည်ဟု ပြောကြား ခဲ့သည်။ နောက်ဆက်တွဲ သတင်းများအရ ဆီဗီလား အသင်း၏ နောက်တန်း ကစားသမား လူနာသည် ဗီလာ အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ် နေပြီ ဖြစ်ကြောင်း သိရသည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks