မေကဗျာက ‘နှင်းဆီ ခရီးသည်’ အငြိမ့်မှာ ပါဝင်ဖျော် ဖြေမှာဖြစ် ပါတယ်။ ဖျော်ဖြေပွဲ အကြောင်း မေးကြည့်ဖြစ် တော့လည်း.. “ဒီမှာက တုန်းက ထီးနဲ့ ယိမ်း တစ်ပုဒ်ရယ်၊ တိုင်းရင်း သားလူမျိုးစုံနဲ့ ယိမ်းရယ် နှစ်ပုဒ် ကတာ။ အခု စင်ကာပူ မှာက ယိမ်းအဖွဲ့ခေါ်လို့ မရတဲ့ အတွက် တိုင်းရင်းသား သီ ချင်းလေးကို နည်းနည်းပြန်ပြင်ရမယ်။ သီချင်းဆိုဖို့လည်း ပြောပေမယ့် အဲဒီမှာ သီချင်း သွားဆိုရင် တအားစဉ်း စားရတယ်။ ကိုယ်က အဆိုတော် မဟုတ်တဲ့ အတွက် ကိုယ်ပိုင် သီချင်းလည်း မရှိဘူး” လို့ ပြောပြ ပါတယ်။
မေကဗျာက လတ်တလောမှာ ‘ဖောက်ပြန်ကြသူ များ’ ဆိုတဲ့ အိမ်ထောင်ရေး ဇာတ်ကားလေး ရိုက်ကူးနေ ပါတယ်။ ကိုယ့်ရဲ့ဇာတ်ကားတွေ ကို ပြန်ကြည့် ဖြစ်ပေမယ့် တခြား ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေနဲ့ပတ် သက်ပြီးလည်း အမြင်ကို.. “ကဗျာရဲ့ ဇာတ်ကားတွေကိုတော့ ပြန်ကြည့် တယ်။ ကားတိုင်းတော့ မကြည့်ဖြစ်ဘူး။ တခြားကားတွေက ကဗျာ့အမေနဲ့ သမီးက တအား အခွေကြည့်ဖြစ်တော့ သူတို့ ကောင်းတယ် ဆိုတာလေးတွေ ကြည့် ဖြစ်တယ်။ ဇာတ်ကား တွေက တိုးတက်တဲ့ ကားတွေလည်း ရှိပါတယ်။ ဝေဖန်တာ တော့ မဟုတ်ပါဘူး။ အခြေအနေအကြော င်းကြောင့် ပေါ့ နော်။
လူတိုင်း ကတော့ အကောင်းဆုံး ဖန်တီးချင်ကြတာပဲ။ အဓိက ကတော့ ခေတ်ရေစီးကြောင်းက ပြောင်းလာပြီဆို တော့ ဖန်တီးမှု လေးတွေ က ခေတ်နဲ့ နည်းနည်းလိုက် စေချင်တယ် ။ရှေးဆန်တာ၊ ပညာသား ပါတာတွေ အများ ကြီးရှိ ပါသေးတယ်။ ရှေ့က လူတွေက စော်ကားတာ မဟုတ် ပါဘူ။ ခေတ်အရတော့ ရိုက်ချက် လေးတွေ၊ လိုကေး ရှင်းလေး တွေပေါ့။ ကဗျာ သတိထား မိတာတစ်ခု ရှိတယ်။ ကိုလူမင်း ကားတွေဆို အမြဲကြည့်ဖြစ် တယ်။ ကိုယ်မသိတဲ့ နေရာလေး တွေ တွေ့ရ တယ်။ အဲဒီတော့ ကြည့်ရတာ ဆန်းတယ်။
အဲဒီလိုမျိုး လေးတွေ ရိုက်စေချင် တယ်။ ဒါက ငွေကြေးအပေါ် လည်း မူတည် တာပေါ့။ အရင်တုန်းကဆိုရင် ဒီလိုင်း ထဲကပဲ ကြည့်နေရာတာလေ။ အခု ဆင်ဆာက ခွင့် ပြုလာပြီဆိုတော့ ဇာတ်အဆန်းလေးတွေ ကြည့်ရ တယ်” လို့ ပြောပြပါတယ်။ မေကဗျာက ပုပ္ပား၊ မော်လမြိုင်တို့မှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပြီး မြင်းခြံမှာ သီချင်းဆိုဖို့လည်း ရှိတယ်လို့ပြောပြပါတယ်။








0 comments:
Post a Comment