- By The Voice Journal
Three
Idiots၊ Ghajini စတဲ့ ဇာတ်ကားတွေနဲ့ အာရှ ပရိသတ်က သာမက နိုင်ငံတကာ
ရုပ်ရှင်ကြည့် ပရိသတ်များရဲ့ လက်ခံမှု ကိုပါ ရရှိလာတဲ့ ဘောလိဝုဒ် ဆူပါစတား
Aamir Khan က နောက်ရိုက်မယ့် ဇာတ်ကား Dhoom 3 အတွက်သူ့ရဲ့ ခန္ဓာကိုယ် ကာယ
ကျန်းမာရေးကို အလွန် ဂရုစိုက်နေရ တယ်လို့ ဘောလိဝုဒ် သရုပ်ဆောင်တွေ အကြောင်း
ရေးသားထားတဲ့ Zee မီဒီယာမှာ ဖော်ပြထားပါတယ်။အသက် ၄၈ နှစ်အရွယ် ရောက်နေပြီ ဖြစ်တဲ့ ဒီသရုပ်ဆောင်ကို အိန္ဒိယ မီဒီယာတွေက Mr. Perfectionist လို့ နာမည် ပေးကြပြီးတော့ သရုပ်ဆောင်ချက် တွေကိုလည်း အကောင်းဆုံး ဖြစ်အောင် ဂရုစိုက်တတ်တဲ့ သူလို့ ဆိုကြပါတယ်။ နာမည်ကျော်တွေ အကြောင်း စုံစမ်း ထောက်လှမ်း ဖော်ပြနေတဲ့ သတင်းစာ တစ်စောင်ရဲ့ ရေးသားချက်အရ Aamir Khan ဟာ နံနက်စာမှာပါတဲ့ အစားအစာ တွေဟာ သူ့ရဲ့ကိုယ်ခန္ဓာ တောင့်တင်း ကျန်းမာမှုကို အထောက်အကူ ပြုမပြု တွက်ချက်ပြီး စိတ်ကျေနပ်မှ စားတတ်တယ်လို့ ဆိုထား ပါတယ်။
ရုပ်ရှင် ရိုက်ကူးရာမှာလည်း သူ့ရဲ့ ခန္ဓာကိုယ် အလှကို အထူးသတိထားပြီးတော့ ပေါ်လွင်အောင် ဖော်ပြတတ်တယ်လို့ ဒီဘောလိဝုဒ် ဆူပါစတားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။ “Aamir က ကိုယ်လက် ကြံ့ခိုင်ရေးကို စွဲစွဲမြဲမြဲ သိပ်လုပ်ပါတယ်။ ကြိုးကြိုးစားစားနဲ့ တစ်နှစ်လောက် လေ့ကျင့်လိုက်တဲ့ ရလဒ်ကို ခင်ဗျားတို့ Ghajini အက်ရှင် ဇာတ်ကားမှာ တွေ့ရမှာပါ။
ဒါပေမဲ့ နောက်ထပ် ရိုက်မယ့် ဇာတ်ကားမှာ ကျစ်လျစ်တဲ့ ပုံစံမျိုး၊ ပျော့ပျောင်းတဲ့ ပုံစံမျိုး သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် သူအားကစား လုပ်ရပါဦးမယ်။ သူ့ခန္ဓာကိုယ်ကို နေ့တိုင်းတိုင်းထွာ စစ်ဆေး နေရပါတယ်” လို့ သတင်းရင်းမြစ်က ပြောကြားသွားပါတယ်။








0 comments:
Post a Comment