
လီဗာပူးလ်
အသင်းမှ အသစ်ခေါ်ယူ ထားသည့် ဂိုးသမား မက်ဂ်လိုလက်သည် အသင်းသစ်၏ ဦစားပေး
ဂိုးသမားဖြစ်သူ ရေးနာနှင့် နေရာပြိုင် လုရမည့် အရေးအပေါ် အကောင်မြင်
နေကြောင်း သိရသည်။ ဘယ်ဂျီယံ ဂိုးသမားဖြစ်သူ မက်ဂ်လိုလက်သည် ယမန်နေ့က
ဆန်းဒါးလန်း အသင်းမှ လီဗာပူးလ်သို့ ကာလရှည်ကြာ စာချုပ်တစ်ရပ်ဖြင့်
ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ သတင်းများက မက်ဂ်လိုလက်သည် လီဗာပူးလ် အသင်း၏
ဦးစားပေး ဂိုးသမား ဖြစ်လာလိမ့်မည်ဟု ဖော်ပြခဲ့ကြသော်လည်း လီဗာပူးလ်
အသင်းနည်းပြ ရော်ဂျာမှ ရေးနာကို အသင်းတွင် ဆက်လက်ထားရှိပြီး
နေရာပေးသွားမည်ဟု ပြောကြားခဲ့ခြင်းကြောင့် မက်ဂ်လိုလက်အတွက် နေရာရရှိရန်
ယှဉ်ပြိုင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍
မက်ဂ်လိုလက်မှ “ဒီယှဉ်ပြိုင်မှုက ကောင်းမွန်တဲ့ ကိစ္စတွေပဲ ဖြစ်လာမှာပါ။
ကျွန်တော် ရောက်ခဲ့တဲ့ နေရာတိုင်းမှာ ကျွန်တော်ဟာ ယှဉ်ပြိုင်မှုတွေနဲ့ပဲ
ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံအသင်းမှာကော ဆန်းဒါးလန်း အသင်းမှာပါ
ယှဉ်ပြိုင်ခဲ့ရပါတယ်။ ခုလည်း ရေနာနဲ့ ဒီလိုယှဉ်ပြိုင်မှုမျိုး
ဆက်လုပ်ရမှာပါ”ဟု အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
0 comments:
Post a Comment