-->

Tuesday, July 2, 2013

မလေးရှားမှ မြန်မာလုပ်သား နှစ်ရာကျော် ထပ်ရောက်မည်

By The Voice Journal

မလေးရှားမှ မြန်မာလုပ်သား နှစ်ရာကျော် ထပ်ရောက်မည်အကြမ်းဖက် မှုများ နောက်ပိုင်း မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သားများ ဆက်တိုက် ပြည်တော်ပြန် ဝင်လျက် ရှိရာ ဇွန်လ ၂၉ ရက်နေ့ (ယနေ့) တွင် မြန်မာလုပ်သား ၂၂၈ ဦး ထပ်မံ ရောက်ရှိမည် ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးဝေက ပြောကြားသည်။
အဆိုပါ လုပ်သားများသည် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဧရာဝတီ ဖောင်ဒေးရှင်း၊ MAI လေကြောင်း လိုင်းနှင့် မလေးရှားရှိ လူမှုရေး အဖွဲ့အစည်း များ၏ အစီအစဉ်ဖြင့် ပြန်လည် ရောက်ရှိ လာကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မြန်မာလုပ်သား များမှာ မလေးရှား နိုင်ငံတွင် အလုပ်ဆက်လက် လုပ်ကိုင်လိုစိတ် မရှိ၍ ပြန်လာသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား ၅၅ ဦး၊ ထိန်းသိမ်းရေး စခန်းများမှ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၇၂ ဦး၊ အကြမ်းဖက် မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူ တစ်ဦးတို့ ဖြစ်ကြောင်း၊ ယင်း ဒဏ်ရာ ရရှိသူကိုလည်း ဝိတိုရိယ ဆေးရုံသို့ ချက်ချင်း ပို့ဆောင်မည် ဖြစ်ကြောင်း ဦးမိုးဝေက ဆိုသည်။
မလေးရှားနိုင်ငံ ဆာလာယန်းတွင် အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် နေရပ်ပြန်လို သူများကို ဧရာဝတီ ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ ပြန်လာရေးနှင့် ဆေးကုသနိုင်ရေး ကူညီဆောင် ရွက်ပေးခဲ့ရာ ဇွန်လ ၁၇ ရက်နေ့တွင် ၂၅ ဦး၊ ဇွန်လ ၂၂ ရက်နေ့တွင် ၂၀ ဦး၊ ဇွန်လ ၂၄ ရက်နေ့တွင် ၆၉ ဦး၊ ဇွန်လ ၂၆ ရက်နေ့တွင် ၃၀ ဦး ပြန်လည် ရောက်ရှိခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ၂၂၈ ဦး ရောက်ရှိလာမည် ဖြစ်ရာ စုစုပေါင်း ၃၇၂ ဦး ရှိပြီ ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း ထံမှ သိရှိရသည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်ပိုင်းတွင် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့ လုပ်သား ၁၀၀၀ ထက်မနည်း ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks