By Soccer
တိုက်စစ်မှူး
ဘန်ဇီးမားသည် ယခုနှစ် ရာသီတွင် ရီးရဲလ် မက်ဒရစ် အသင်း၌ ဆက်ရှိနေမည်ဟု
ကစားသမား၏ အေးဂျင့်ဖြစ်သူမှ ဖွင့်ဟ ပြောဆိုခဲ့သည်။ ဘန်ဇီးမားသည် ရီးရဲလ်
အသင်းတွင် ကစားရသည့် အနေအထားနှင့် ပတ်သက်၍ စိတ်မကျေမနပ် ဖြစ်နေပြီး
အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု သတင်းများက ဖော်ပြနေကြ
သော်လည်း ကစားသမား၏ အေးဂျင့်ဖြစ်သူ ဂျက်ဇ်ဇီရီမှ အဆိုပါ ကိစ္စရပ်များ
ဖြစ်ပေါ်လာရန် မရှိဟု ငြင်းဆိုလိုက်သည်။ “ဘန်ဇီးမားက ရီးရဲလ်မှာပဲ
ဆက်ရှိနေမှာပါ။ မီလန် အသင်းနဲ့ ပတ်သက်ပြီး ဘာကိစ္စမှ ဖြစ်လာနိုင်စရာ
မရှိပါဘူး”ဟု ဂျက်ဇ်ဇီရီမှ ပြောကြားခဲ့သည်။ ဘန်ဇီးမားနှင့် ရီးရဲလ်
အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ (၂၀၁၅) ဇွန်လတွင်
ကုန်ဆုံးမည် ဖြစ်သည်။








0 comments:
Post a Comment