-->

Sunday, July 21, 2013

ဗန်ပါစီနှင့် ဖာဒီနန်မှာ ပင်ပေါင်ဘောလုံးကိုပင် အလွတ်ရိုက်ပြနိုင်စွမ်းကြ၏

By ရိုးရာလေး

ဗန်ပါစီနှင့် ဖာဒီနန်တို့မှာ ပင်ပေါင်ဘောလုံးကိုပင် အလွတ်ရိုက်ပြနိုင်စွမ်းကြ၏ဖာဒီနန်နဲ့ ဗန်ပါစီတို့၏ နောက်ဆုံးပေါ် အစွမ်းပြကွက်က ဘောလုံးကွင်းထဲမှာမဟုတ်။ စားပွဲတစ်လုံးပေါ်မှာ ဖြစ်သည်။ တည်နေရာက
သြစတြေးလျတွင် ဖြစ်ကာ စားပွဲတင်တင်းနစ် ကျွမ်းကျင်မှုများ ပြသကြခြင်းပင်ဖြစ်၏။ အကြောင်းစုံရှင်းရသော် ၎င်းတို့နှစ်ဦးမှာ စားပွဲတင် တင်းနစ်ကစားရာတွင် ပင်ပေါင်ဘောလုံးကို မကြည့်ဘဲ အလွတ်ရိုက်ကြခြင်းပင်ဖြစ်သည်။
ဤကား ရွှီးနေ၊ ဖြီးနေခြင်းမဟုတ်ကြောင်း ဘတ်နာ၏ ဗီဒီယိုဖိုင်က သက်သေတည်သည်။ ၎င်းတို့နှစ်ဦး၏ စားပွဲတင် တင်းနစ်ကစားပွဲကို အနှီနောက်ခံလူက ဗီဒီယိုဖိုင်ဖြင့် မှတ်တမ်းတင်ပြီး သကာလ ယနေ့ခေတ်ပေါ် အင်စတာဂရမ်ပေါ်သို့ တင်လိုက်သောအခါ သရဲနီ ပရိသတ်များက "မိုက်တယ်ကွာ၊ လန်းတယ်ကွာ" ဆိုကြသည်မှတ်၏။
http://www.dailymail.co.uk/sport/football/article-2369134/Video-Rio-Ferdinand-Robin-van-Persie-look-table-tennis-match.html

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks