သူရဲ့ ပရော်ဖက်ရှင်နယ် ပီသလိုက်သပုံက ဇတ်ကျိုးနေရက်နဲ့တောင် အသင်းအတွက် ဆက်ကစားပေးခဲ့တာမျိုး၊ အင်္ဂလန်ကိုစစ်သားအဖြစ် ရောက်လာပေမယ့် ငြိမ်းချမ်းစွာ နဲ့ ဘောလုံးကစားခဲ့ပြီး အကောင်းဆုံး ဂိုးသမားတစ်ယောက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသူပေါ့။ ဒါကြောင့်ပဲ အင်္ဂလန် ဘောလုံးလောကမှာ ဂိုးသမားအဖြစ် တစ်နှစ်တာအကောင်းဆုံးဆုကို ပထမဆုံး အကြိမ်ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဆိုတာ မန်စီးတီးအတွက် ပွဲပေါင်း ၅၀၀ကျော် ကစားပေးခဲ့တဲ့ ဂျာမနီ ဂိုးသမား ထရူးမန်းပဲ ဖြစ်ပါတယ်။
ဒီဂိုးသမားဟာ ၁၉၅၆ခုနှစ်မှာ ကစားခဲ့တဲ့ ဘာမင်ဂမ်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက်အသင်း တိုက်စစ်မှူးရဲ့ ခြေထောက်ကြား ဘောလုံးဝင်ဖမ်းခဲ့တဲ့အထိ စွန့်စားခဲ့ပြီး ဒီအတွက်ကြောင့် ဖြစ်လာခဲ့ရတာက ဇတ်ကျိုးသွားခဲ့တာပါပဲ။ ဇတ်ကျိုးသွားခဲ့ပေမယ့် ထရူးမန်းဟာ မန်စီးတီးအတွက် ၁၇မိနစ်ကျော် ဆက်ကစားပေးခဲ့ပြီး အဲဒီပွဲမှာ မန်စီးတီးကို အက်ဖ်အေဖလား ချန်ပီယံဖြစ်စေခဲ့သူလို့ ကင်ပွန်းတပ်နိုင်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးတွေကို ကြောက်ရွှံစေခဲ့တဲ့ ဂန္တ၀င်လက်တစ်စုံဟာ ဇရာရဲ့ ရွှေ့လျောခြင်းမှာ နှလုံးရောဂါကို အရှုံးပေးခဲ့ရပြီး ပြီးခဲ့တဲ့ သောကြာနေ့ မှာတော့ မိသားစုနဲ့ ဘောလုံးလောကကို စွန့်ခွာခဲ့ရရှာပါတယ်။
zaw zaw tun








0 comments:
Post a Comment