By Soccer
အက်သလက်တီကို
အသင်း၏ ကစားသမားသစ် ဒေးဗစ်ဗီလာမှ သူ၏ အသင်း သစ်အား ဆုဖလားများ ဆက်လက်
ရယူနိုင်ရန် ကူညီ သွားမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။ အက်သလက်တီကို
အသင်းသည်း နည်းပြ ဆီမြူနီ၏ လက်အောက်တွင် အောင်မြင်မှုများ ရယူနိုင်နေသည့်
အသင်းဖြစ်ကာ ဗီလာမှ သူရောက်ရှိလာသည့် အချိန်တွင်လည်း သူ၏ စွမ်းအားဖြင့်
အသင်းအား အောင်မြင်မှုများ ဆက်လက် ရယူနိုင်ရန် ပံ့ပိုးပေးမည်ဟု ပြောကြား
ခဲ့ခြင်း ဖြစ်သည်။ ဗီလာမှ “ဒီအရာက အဓိက စိန်ခေါ်မှု တစ်ခုပါပဲ။ ကျွန်တော်
ဒီအသင်းမှာ အကောင်းဆုံး ပေးဆပ်သွားမှာပါ ဒါကြောင့် ဒီအစုအဖွဲ့နဲ့
ဆက်လက်ပြီး အောင်မြင်မှုတွေ ရယူနိုင် ပါလိမ့်မယ်”ဟု ပြောကြား ခဲ့သည်။ ဗီလာမှ
ဆက်လက်ပြီး အက်သလက်တီကို အသင်းအား ရွေးချယ် ရခြင်းမှာ နည်းပြ ဆီမြွန်နီ၏
လက်အောက်တွင် ကစားလိုနေ၍ ဖြစ်သည်ဟု ဖွင့်ဟ ခဲ့သည်။








0 comments:
Post a Comment