-->

Sunday, July 14, 2013

ဂျိုဗီတစ်သည် ဂျူဗင်တပ် အတွက် ဈေးကြီးလွန်း သည်ဟု ကွန်တီ ဖွင့်ဟ၀န်ခံ

ဂျိုဗီတစ်သည် ဂျူဗင်တပ် အတွက် ဈေးကြီးလွန်း သည်ဟု ကွန်တီ ဖွင့်ဟ၀န်ခံဖီအိုရင်တီးနား အသင်း၏ တိုက်စစ်မှူး ဂျိုဗီတစ်သည် ဂျူဗင်တပ် အသင်းအတွက် ဈေးကြီးလွန်းကြောင်း နည်းပြကွန်တီမှ ၀န်ခံပြောဆို ခဲ့သည်။ ပရီးမီးယားလိဂ် ကလပ်များ ဖြစ်ကြသည့် အာဆင်နယ် နှင့် မန်စီးတီး အသင်းတို့မှ စိတ်ဝင်စားနေသည့် ဂျိုဗီတစ်သည် ဂျုဗင်တပ် အသင်းသို့ ပြောင်းရွှေ့မည်ဟု လွန်ခဲ့သော တစ်နှစ်ကျော် ကတည်းက သတင်းထွက်ပေါ်နေခဲ့သော်လည်း နည်းပြကွန်တီမှ ဂျိုဗီတစ်အား ခေါ်ယူရန် ကြိုးပမ်းမှုတွင် မိမိတို့ ကျဆုံး ခဲ့ကြောင်းနှင့် ယင်းအားခေါ်ယူနိုင်မည့် အင်အာမရှိဟု ၀န်ခံပြောဆို လိုက်သည်။ ဂျူဗင်တပ် အသင်းသည် ယခု အပြောင်းအရွှေ့ ဈေးကွက်တွင် တိုက်စစ်မှူးများ ဖြစ်ကြသည့် တီးဗက်ဇ် နှင့် လော်ရန်တေးတို့ နှစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သည်။ 

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks