Popular News
အကယ်ဒမီ ဆုများရှင် ဒေါ်ဝါဝါဝင်းရွှေက Great Father Land ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း မှာ တည်ရှိတဲ့ ဒေါ်ဝါဝါဝင်းရွှေ အမည် ပေါက် ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်မှာ RC ၁၂ ထပ်တိုက် Basement နဲ့ Penthouse တွေ ပါဝင်တဲ့ ဆုထူးပန် တာဝါ ဆောက်လုပ်ရန် သဘော တူ စာချုပ်ကို ဇွန် ၂၃ ရက်နေ့မှ စတင်ပြီး တရားဝင် ဖျက်သိမ်း လိုက်ပြီဖြစ် ကြောင်း စာနယ်ဇင်း ရှင်းလင်းမှု တစ်ခုကို အဲဒီနေ့က တက္ကသိုလ် ရိပ်သာ လမ်း ဟောင်း ရှိ ဒေါ်ဝါဝါဝင်းရွှေ နေအိမ်မှာ ပြုလုပ် ခဲ့ပါတယ်။
စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဒေါ်ဝါဝါဝင်းရွှေက.. “ဒီနေ့ ကျင်းပတဲ့ စာနယ်ဇင်း ရှင်းလင်း ပွဲလေးကတော့ မဝါရဲ့ ပုဂ္ဂလိက တစ်ဦးချင်း စီးပွားရေး ကိစ္စရပ်နဲ့ ပတ်သက်လို့ ဖြစ်ရပ်မှန် ခံစားမှုလေးကို ကြွရောက်လာတဲ့ လူကြီးမင်းတွေ အကုန် သိရအောင်လို့ မဝါ ကိုယ်တိုင် တလေးတစားနဲ့ ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ရှင်းပြချင် တာကတော့ Great Father Land ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့် နဲ့ RC ၁၂ ထပ်တိုက်ကို PAE စနစ်၊ PAE စနစ် ဆိုတာက ကျွန်မက အဆောက် အအုံ ပိုင်ရှင်၊ ကိုယ်ကနေ ပြီးတော့ သူ့ ကို ကန်ထရိုက်တာ အနေနဲ့ ပုတ်ပြတ် ကျွန်မက ငွေပေးပြီးတော့ ဆောက် လုပ်ပေးမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
အဲဒီနှစ်ဦးဟာ ဒီကနေ့က စပြီးတော့ သူနဲ့ စာချုပ်ထားတဲ့ စာချုပ် ကို တရားဝင် ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်း စာနယ်ဇင်းများ အားလုံးသိရှိစေဖို့ ကြေညာလိုက်ပါတယ်။ အခု ဒီ ဆုထူးပန် မြေကွက်က အများသိကြတဲ့ အတိုင်း ရန်ကုန်မြို့ ၊ စည်ပင်သာယာရေးမှာ အခွန်ပြေစာ နဲ့တကွ ဒေါ်ဝါဝါဝင်းရွှေ နာမည် နဲ့ ပေါက်ပြီး သားမြေကွက် ဖြစ်ပါတယ်။ ပထမဦးဆုံး တင်ပြ ချင်တာ ကတော့ Father Land ဆောက်လုပ်ရေး ဦးကျော်မြင့် နဲ့ ကျွန်မတို့ဟာ မူလက ၁၂ ထပ် အဆောက် အအုံကို ဆောက် လုပ်ဖို့ သဘောတူညီ ခဲ့ကြပါတယ်။
အဲဒါကို ၂၃-၄-၂ဝ၁၂ ထဲမှာ စာချုပ် ချုပ်ခဲ့ပါတယ်။ အခု ဆိုရင် တစ်နှစ်နဲ့ လေးလ ရှိသွားပါပြီ။ အဲဒီလို ဧပြီလ မှာ စာချုပ်စချုပ်တဲ့ အချိန်မှာ စရံ အဖြစ် နဲ့ ကျပ်သိန်းတစ်ထောင် ပေးလိုက်ပါ တယ်။ အဲဒီ နောက်ပိုင်းမှာ ဒုတိယ တစ်ခု အနေနဲ့ လုပ်ငန်းအရ ထပ်မံ ပြီးတော့ သိန်း ၇ဝဝဝ ချခဲ့ပါတယ်။ နောက်ပိုင်းကျတော့ PAE စနစ်နဲ့ ဆောက် လုပ်ဖို့ ကမ်းလှမ်းပြီး ချိန်မှာ ဘယ်လောက် ကြာသွားသလဲ ဆိုရင် ဧပြီကနေ ဒီဇင်ဘာလ စုစုပေါင်း ၉ လ အတွင်းမှာ သူ့ကို ကျွန်မပြောပါတယ်။
ဆောက်ဖို့ လုပ်တော့၊ အင်ဂျင်နီယာတွေ နဲ့ ဘုတ် ထိုင်ပြီးပြပါ ။လုပ်ငန်းတွေ လုပ်ပါ။ ကျန် တဲ့ စည်ပင်နဲ့ ပတ်သက်တဲ့ လုပ်ငန်း အဝဝ ကိုသူတာဝန်ယူမယ် လို့ပြောပါတယ်။ ၉ လ အတွင်းမှာ ဘာမှ မလှုပ်ရှားခဲ့ပါ ဘူး။ အဲဒီတော့ အဲဒီအချိန်မှာ ကျွန်မ ရဲ့ငွေက သိန်းပေါင်း ၉ဝလည်း မဟုတ်ပါဘူး ။၉ဝဝလည်း မဟုတ်ပါဘူး။ ၉ဝဝဝ တိတိ ပေးထားတာ ဖြစ်ပါတယ်။
အဲဒီ တော့ ဒီဇင်ဘာ ကျတော့မှ ဒီနေရာကို ဘာမှ မလုပ်သေးတဲ့ အခါကျတော့ မြို့လယ်ကောင်မှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်ခွင့် ရတယ်လို့ သတင်း ကြားတဲ့ အခါ ကျတော့ ဒါဆိုရင် အထပ်မြင့် အဆောက်အအုံ ဆောက်ခွင့်ရ အောင် လူကြီးတွေ တင်ပြခဲ့တယ် ဆိုတော့ ဆောက်ခွင့်ရတယ်။ ဆောက် ခွင့်ရတယ် ဆိုတာ အများပေး တဲ့ အတိုင်း အများနဲ့ တူညီတဲ့ သူများ ၂၂ ထပ်ဆို ကိုယ်လည်း ၂၂ထပ် ရမယ်။ ကိုယ့် တစ်ဦးတည်းကို သီးခြား အခွင့်အရေး ပေးတာ မဟုတ်ပါဘူး။
အဲဒီလို အချိန် မှာလည်း သူက ကမ်းလှမ်းလာပါတယ်။ ယနေ့ အချိန်ထိ ဒီ ၂၁ထပ်နဲ့ ပတ်သက် ပြီးတော့ ကျွန်မနဲ့ Father Land ကုမ္ပဏီနဲ့ စာချုပ် လုံးဝမရှိပါဘူး။ နှုတ်နဲ့သာ ဆက်ဆောက် ပါရစေ တောင်းခံလာတဲ့ အတွက်ကြောင့် မို့လို့ သဘောတူခဲ့တာ ကတော့ မှန်ပါတယ်။ အဲဒီတော့ ဒါကို တော့ လွယ်လွယ်နဲ့ လုပ်လို့မရဘူး။ စင် ကာပူနိုင်ငံ လိုဟာမျိုးက အာခီတက် နဲ့ သေသေချာချာ ကျွန်မကို Drawing ဆွဲပေးပါလို့ ပြောတဲ့အခါကျတော့ ဟုတ် ပြီ။ ဟုတ်ပြီ ဆိုပေမယ့် တစ်ခုပြောချင် တာကတော့ ကျွန်မ ဒီလုပ်ငန်းကြီး တစ်ခုလုံးကို အပ်နှံထားတဲ့ ကျွန်မက လုပ်ငန်းရှင်ပေါ့။ သူက အဆောက်အအုံ ဆောက်ပေးမယ့် ပုဂ္ဂိုလ်ပေါ့။
ဒီလို အပ်နှံထားတဲ့ ပုဂ္ဂိုလ်ဟာ သူနဲ့ ကျွန်မ နဲ့အမြဲတွေ့ သမျှ တိုင်ပင်နေရမယ် ဆိုတဲ့အစား သူနဲ့ စကားပြောချင်ရင် ဖုန်းဆက်လိုက်တိုင်း နိုင်ငံခြား ထွက်နေတယ်။ ပြည်တွင်း ခရီးထွက်နေတယ် ဆိုပြီး သူ့တပည့်နဲ့ ပဲ ပြောဆို ဆက်ဆံခဲ့ ရတယ်။ အင်မတန်ကိုမှကျွန်မ စိတ် ရှည် သည်းခံခဲ့ရပါတယ်။ သူအချိန်တွေ ဆွဲလာလိုက်တာ ဒီဇင်ဘာလ အထိ ဘာ မှ မလှုပ်ရှားခဲ့ပါဘူး။
ဒီဇင်ဘာဆို တော့ အားလုံး ၉လ ဖြစ်သွားပါတယ်။ သူ့ကိုပေးထားတဲ့ ၈ဝဝဝမှာ ၉လ အတွင်း ဘာလုပ်ငန်း တစ်ခုမှ မပြနိုင်ပါဘူး။ မြေပြန့် ပဲရှိပါတယ်။ အဆောက်အအုံ ဟောင်း ကိုဖြိုတယ်။ အဆောက် အအုံ ဟောင်းကို ဖြိုတဲ့နေ ရာမှာလည်း သူတို့ လုပ်နေ ကျဖျက်တဲ့ ကန်ထရိုက်တာ နဲ့ပဲ ဖျက် ပါတယ်။ ဒီအသေးအမွှားတွေကို ဝင်မပါပါနဲ့။ အဲဒီက ရတဲ့ငွေကို ကျွန်တော်တို့ ပေးပါ့မယ် ဆိုပြီးတော့ သူ ကနေ တစ်ဆင့်ပို့ပေးတဲ့ ငွေကိုပဲ လက်ခံ ရရှိပါတယ်။
တစ်ခု ပြောချင်တာက သူ က ကျွန်မကို ကျပ်သိန်း တစ်ရာစိုက် ပို့ပေး ထား ရတယ်တဲ့။ စဉ်းစားကြည့်ပါ။ ကျွန်မ သူ့ကို သိန်းရှစ်ထောင်ပေး တဲ့ လူတစ်ယောက်ပါ။ သူ့ဆီက သိန်း တစ်ရာကို အကြောင်းမဲ့ တောင်းစရာ မရှိပါဘူး။ သူကဖျက်တဲ့ ဟာကို မပို့ သွားခင် ကျွန်မကနေပြီး ဖုန်းဆက်ပြီး တော့ ငါ့ပိုက်ဆံ တောင်းထားတာ မရ သေးဘူးလား၊ ပို့ပေးတော့လေ။ ဘယ် လောက် ကြာနေပြီ ဆိုမှ သူက ၅ဝပို့ လိုက်၊ ၁ဝဝ ပို့လိုက် ပို့ပေးတာပါ။ အဲဒီလိုဖြစ်တဲ့ အချိန်မှာ စဉ်းစားမိတော့ ဒီလိုတော့ ဆက်လုပ်လို့ မဖြစ်တော့ဘူး။
ဒါဖြင့်ရင် ကျွန်မ နေ့ကောင်း ရက်သာရွေး လိုက် မယ် ဆိုပြီးတော့ သူ့ကို ကောင်းကောင်းမွန်မွန် ပဲ ပြောခဲ့တယ်။ ၉ ဂဏန်းကို ကြိုက်တော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတိ မင်္ဂလာ လေးယူပြီးတော့ ပန္နက်တင် လုပ်ဖို့ လူကြီးတွေ ကို ဖိတ်လိုက်မယ် ဆိုပြီး လုပ်ခဲ့တယ်။ အဲဒီနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတိပန္နက်တင်တာက လွဲ ပြီးတော့ အခု မြေပေါ်မှာဘာ Pile တစ်ချောင်း မှ မရိုက်ထားပါဘူး။ အခု ထက်ထိ မြေပြန့်ပါပဲ” လို့ဒေါ်ဝါဝါဝင်းရွှေ ကပြောပါတယ်။
အဲဒီနောက် တရား လွှတ်တော်ရှေ့နေ၊ ဥပဒေ အကြံပေး ဦးသန်းဌေးက “သုံးကြိမ် သုံးခါခွဲပြီး တော့ ယူထားတဲ့ငွေကို အရစ်ကျ ပြန်ပြီးတော့ ပေးပါမယ့်။ စရိတ်စက အဖြစ် နဲ့ သိန်း၉ဝဝလို့ပြောပါတယ်။ ကျွန်တော် ဦးကျော်မြင့် ကိုပြောပြတယ်။ လုပ်ငန်း လုပ်ဆောင်ချက် နဲ့ပတ်သက်လို့ ဘာတစ်ခုမှ လုပ်တာ မရှိသေးဘူး။ အများ အမြင်မှာ မကောင်းဘူး။ ကဲ့ရဲ့စရာဖြစ်မယ် ။
လုပ်ငန်းကြီး လုပ်တဲ့ သူတစ်ယောက် ဒီလိုမဖြစ်သင့်ဘူး လို့ ပြောတဲ့ အခါကျ တော့ ကျပ်သိန်း ၈၁ဝဝ ပြန်ပေးမယ်။ အရစ်ကျ ပြန်ပေးမယ် ဆိုပြီးတော့ သုံး ရစ်ခွဲပေးမယ် ဆိုပြီးတော့ သဘောတူတယ်။ ညှိကြတာ ၁၁ ကြိမ်လောက် ရှိပါတယ်။ နောက်ဆုံး ဖုန်းပိတ်ထားတဲ့ အခြေအနေ ထိတောင်ဖြစ်ခဲ့ပါတယ်။ စာချုပ် အချောလုပ်ခါနီးမှာပါ။ ပြန်ပေး မယ်ဆိုတဲ့ စာချုပ်ပါ။ အရစ်ကျ ၃ရစ် ပေးမယ် ဆိုလို့ သဘောတူ ပြီးသားကို ဦးကျော်မြင့်ရဲ့ ရှေ့နေကြီး ကနေပြီးတော့ ပြန်ပေးမယ် ဆိုတာကို စာလေး နဲ့ အကြောင်း ပြန်လာပါတယ်။
စာချုပ် ချုပ်ခါနီး ကျရင် ပျက်ပြန်ရော”လို့ ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး ဒေါ်ဝါဝါ ဝင်းရွှေက “Father Land ဆောက်လုပ်ရေးက ဦးကျော်မြင့် နဲ့ ၂၃- ၄- ၂ဝ၁၂မှာ ၁၂ ထပ် တိုက်ကို PAE စနစ် ကန်ထရိုက်တာ အဖြစ် နဲ့ ကျပ်သိန်း သုံးသောင်းနဲ့ အပ်ထားတဲ့ အပေါ်မှာ ကျွန်မ ငွေသိန်း ၉ဝဝဝ ဆုံးနေပြီ။ ဘာ မျှ မလုပ်သေးတဲ့ အတွက် ကြောင့်မို့လို့ ကျွန်မ က နံပါတ်တစ် ဒီစာချုပ်ကို ဒီ နေ့ကစပြီးတော့ ဖျက်သိမ်းကြောင်းကို စာနယ်ဇင်း အသီးသီး ရှေ့မှာ တရားဝင် ကြေညာအပ်ပါတယ်။
သူနဲ့ကျွန်မ တို့နဲ့လုံးဝ၊ လုံးဝ ဘာမျှ မသက်ဆိုင် တော့တဲ့ အကြောင်း စာနယ်ဇင်း လူကြီးမင်းတွေ ရှေ့မှာတင်ပြ အပ်ပါတယ်”လို့ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ အဲဒီနောက် မှာ တော့ တက်ရောက် လာတဲ့ စာနယ်ဇင်းက သိလိုသည် များကို အမေးအဖြေ ပြုလုပ် ကာ ဒေါ်ဝါဝါဝင်းရွှေ နဲ့ ရှေ့နေ ဦးသန်းဌေး တို့ကဖြေကြား ပေးခဲ့ကြပါတယ်။ Father Land ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့် နိုင်ငံပိုင် သတင်းစာကနေပြီး “ဆုထူးပန် ရုပ်ရှင် ရုံဟောင်းမြေကွက် ပိုင်ရှင် လုပ်ငန်း အပ်နှံသူဒေါ်ဝါ ဝါဝင်းရွှေ နှင့် သက်ဆိုင် သူများ သိစေရန်ပြန် လည် တုံ့ပြန် ရှင်းလင်း သတိပေး ကြေညာချက်” ကို ဇွန် ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အဆိုပါကြေညာချက် နဲ့ ပတ်သက်ပြီး ဒေါ်ဝါဝါဝင်းရွှေ ဆီကို ဇွန် ၂၉ ရက်နေ့ ကပေါ်ပြူလာ ဂျာနယ် က ဆက်သွယ် မေးမြန်းကြည့်တော့ “ကျွန်မဘက်က ရှေ့နေသုံးဦး ကနေ သူတို့ကို တရား စွဲဖို့ လုပ်နေပါပြီ။ ကျွန်မ စာနယ်ဇင်း ရှင်းလင်းတဲ့ နေ့တုန်းက ကျွန်မကနေ စပြီး ဘယ်သူ ကိုမှ တရားမစွဲဖို့တော့ မလုပ်ဘူးလို့ ပြောခဲ့တယ်။ ကျွန်မရဲ့ ရှေ့နေ ကတော့ ပြော တယ်။ ကျွန်မ မီးစိမ်းပြရင်တော့ သူတို့ လုပ်ပါမယ်တဲ့။ အခုတော့ မီးစိမ်းပြ လိုက်ပါပြီ။ မီးစိမ်း ပြလိုက် တော့ ကျွန်မရဲ့ ရှေ့နေ သုံးယောက်က အကုန်လုံး တာဝန် ယူထားပါတယ်။ မနက် ဖြန်ခါ သတင်းစာကို ဖတ်လိုက် ပါ”လို့ ဖြေကြားပါတယ်။
ထက်လူလူ








0 comments:
Post a Comment