-->

Tuesday, July 2, 2013

ပြင်ဦးလွင်၌ ဗုံးပေါက်ကွဲ၊ ဗိုလ်လောင်းတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရ

By The Voice Journal

ပြင်ဦးလွင်၌ ဗုံးပေါက်ကွဲ၊ ဗိုလ်လောင်းတစ်ဦး အပါအဝင် သုံးဦးဒဏ်ရာရမန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် အမှတ် (၁) ရပ်ကွက် ပြင်ဦးလွင် အားကစား ကွင်းရှေ့ ပြင်ဦးလွင်-လားရှိုးလမ်းတွင် ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်က ဆိုင်ကယ်တွင် တပ်ဆင် ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ ဗိုလ်လောင်း တစ်ဦး အပါအဝင် လူသုံးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အခင်းဖြစ်ပွားရာ အနီးတွင် နေထိုင်သော ဒေသခံ များက ပြောကြားသည်။
ဗုံးပေါက် ကွဲမှုကြောင့် တပ်မတော် နည်းပညာ တက္ကသိုလ် တတိယနှစ် တက်ရောက်နေသော ဗိုလ်လောင်း စိုးမြင့်မော်၊ တပ်ကြပ်ကြီး လှမျိုးထိုက်နှင့် ဒေါ်ငယ်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ပြင်ဦးလွင် ရဲစခန်းက အတည်ပြု ပြောကြားသော်လည်း အခြားသတင်းများ ကိုမူ စုံစမ်းဆဲဖြစ်၍ သတင်းထုတ်ပြန် ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။
“နေ့လယ် ၁ နာရီခွဲလောက်က လမ်းဘေး ဓာတ်တိုင်နားက အုန်းခနဲ အသံကြားလို့ ထွက်ကြည့်လိုက်တာ ဆိုင်ကယ်တစ်စီး မီးလောင်နေတယ်။ ဗိုလ်လောင်း တစ်ယောက် ဒဏ်ရာရနေတာ တွေ့ရပါတယ်” ဟု အမှတ် (၁) ရပ်ကွက် ပြင်ဦးလွင် အားကစားကွင်း အနီးတွင် နေထိုင်သော အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးပေါက်ကွဲရာ နေရာသို့ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်ရဲမှူးနှင့် တာဝန်ရှိသူများ လာရောက် စစ်ဆေးကြကြောင်း မြိုခံများထံမှ သိရသည်။
“လက်လုပ်မိုင်း ဖြစ်ဖို့များတယ်၊ ပတ်ဝန်းကျင်မှာ ဘောစေ့တွေကို လေ့လာထားချက် အရ လက်လုပ်မိုင်း ဖြစ်ဖို့များတယ်၊ မြို့အဝင်အထွက်တွေမှာလည်း ပိတ်ဆို့ ရှာဖွေတယ်။ ရပ်ကွက် ဧည့်စာရင်းတွေကနေ ရှာဖွေသွားမယ်။ တစ်နိုင်ငံလုံး မြို့အဝင် အထွက်တွေ မှာလည်း စစ်ဆေးသွားမယ်၊ ဆိုင်ကယ်နံပါတ်ကို ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနဲ့ စစ်ဆေးနေတယ်” ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks