-->

Friday, July 19, 2013

အိုင်တီပစ္စည်းက စိတ်ကျရောဂါဖြစ်စေ

it healhမြန်မာပြည်မှာတော့ အဲ့လောက်သိပ်မဖြစ်သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော့ နည်းပညာ ပစ္စည်းများကို အလွန်အမင်း စွဲလမ်းနေကြပါပြီ။
မူကြိုစတက်မယ့် ကလေးငယ်တောင် iPad တစ်လုံးနဲ့ ဂိမ်းဆော့တာကို ဝါသနာထုံတာမျိုး ပြည်ပ မှာ လက်တွေ့ သိမြင်နေရ ပါတယ်။ မြန်မာပြည်လို လက်ဘက်ရည်ဆိုင် မရှိတဲ့ နိုင်ငံများမှာ အချင်းချင်း ထိုင်စကားပြောဖို့ထက် စမတ်ဖုန်း တစ်လုံးနဲ့တင် အလုပ်နေကြတာ သူတို့ လူငယ်တွေ အလေ့အထပဲ ဖြစ် ပါတယ်။  ပြည်တွင်း မှာလည်း ရှိပါတယ်။ လက်တွေ့ မဟုတ်ပဲ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ အီလက်ထရောနစ် ပစ္စည်း၊ အိုင်တီ ပစ္စည်းများအား အလွန်အမင်း သုံးစွဲမှုက အထီးကျန်ရောဂါ၊ စိတ်ကျရောဂါ ဝေဒနာ ခံစားရစေပါတယ်။
နောက်ထပ်ဆိုးကျိုးကတော့ လူမှုဆက်ဆံရေး ညံ့ဖျင်းခြင်း ဖြစ် ပါတယ်။ အွန်လိုင်းမှ Chat တာနဲ့ အပြင်မှာ စကားပြောတာနဲ့ မတူပါဘူး။ အွန်လိုင်း အမြဲ အသုံးပြု အသက်ရှင်နေသူများက အပြင်မှာ နဖူးတွေ့ဒူးတွေ့ ထိတွေ့ဆက်ဆံ ရတဲ့ အခါ ပြဿနာနဲ့ အခက်အခဲပေါင်း များစွာ ကြုံရပါတယ်။ အချို့ လည်း ကြုံဖူးမယ် ထင်ပါတယ်။
ဒါကြောင့် ဂိမ်းပဲ ဖြစ်ဖြစ်၊ အင်တာနက်ပဲ ဖြစ်ဖြစ် အချိန်အတိုင်းတာ တစ်ခုအထိ ထိုက်သင့်သလောက်သာ ပြုလုပ်ပြီး လက်တွေ့ဘဝ မိတ်ဆွေ၊ ပေါင်းသင်းဆက်ဆံမှု၊ ဆော့ကစားမှုများကို အချိန် တစ်ခုပေး ပြုလုပ်ရန် လိုအပ်ကြောင်း သိရပါတယ်။
--
ရိုးရာလေး ကျန်းမာရေး

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks