-->

Friday, July 19, 2013

အရှင်ဖမ်းမိတဲ့ ဘော်စတွန် ဗုံးခွဲသူ လူငယ်တစ်ဦး

bostonbombပုံမှာ မြင်တွေ့နေရတဲ့ ကျောင်သားငယ်ပါ။ Dzhokhar Tsarnaev လို့ အမည်ရပြီး အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ ဧပြီလ ဆန်းက ဘော်စတွန်မှာ ဗုံးခွဲပြီး လူအများအပြားသေစေခဲ့သူ ဖြစ်ပါတယ်။
ဝရမ်းအထုတ်ခံထားရပြီး ထွက်ပြေးရှောင်ပုန်းနေသူ ဖြစ်ပါတယ်။ ယခု ရက်ပိုင်းမှ ဖမ်းဆီးရမိတာပါ။ ဗုံးခွဲမှုအပြင် ရဲတစ်ဦးအား သတ်ဖြတ်မှုပါ ထပ်မံ ကျူးလွန်ထားပါတယ်။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ညီအကို နောက်တစ်ယောက် ပါဝင် ပါသေးတယ်။ တစ်ယောက်တစ်နေရာစီ ဖမ်းဆီးရမိတာပါ။ ပုံက တစ်ယောက်ကတော့ အငယ်ကောင်ဖြစ်ပြီး အမှိုက်ပုံမှာ ပုန်းနေစဉ် ကွန်မန်ဒို အယောက်၂၀ ဝိုင်းဝန်း ဖမ်းဆီးရမိပုံ ဖြစ်ပါတယ်။
ချက်ချင်းအဖမ်းမခံပဲ ထွက်ပြေးရန်ကြိုးစားမှုကြောင့် သူ့မှာ သေနက် ဒဏ်ရာလည်း ရထားပါတယ်။ နဖူးကိုလည်း စနိုက်ပါနဲ့ ချိန်ထားပါတယ်။ အမေရိကန်နိုင်ငံသားဖြစ်တာ မကြာသေးပါဘူး။ ရုရှားကနေ အမေရိကန် ကို ပြန်ပြောင်းလာတဲ့ သူဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် တစ်ဦး ဖြစ်ပြီး အယ်ကေးဒါးတို့တောင် အဆက်ဆက် ရှိမရှိကို FBI တို့ စုံစမ်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: dailymial
ရိုးရာလေး နိုင်ငံတကာ

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks