By Good Health
ပြီးခဲ့တဲ့နှစ်
ဆောင်းရာသီ ကာလ ဒီဇင်ဘာမှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့ ၈၇ နှစ်အရွယ် ဦးလေးထံ
ရောက်ခဲ့ပါ တယ်။ သူဟာ လူပျိုကြီး တစ်ကိုယ်တည်း သမားပါ။ ဆွေမျိုးရင်းချာ
ဆိုလို့ ကျွန် တော်ပဲ ရှိပါတော့တယ်။ သူဟာ အဆုတ် ရောဂါနဲ့ဆေးရုံ ပေါ်မှာ
အသက်လုနေရ ပါတယ်။ ငယ်စဉ်က အဆက်မပြတ် ဆေး လိပ်သောက်ခဲ့တဲ့ ဒဏ်ကြောင့် အသက်
ကို အားစိုက်ပြီး ချွဲသံစီစီနဲ့ တအားရှူနေ ရပါတယ်။ အောက်ဆီဂျင် ပေးထားပေ
မယ့် သူရဲ့အဆုတ်ပြွန် တွေထဲကို အပြည့် အဝ ဝင်ရောက်နိုင်ပုံ မပေါ်ပါဘူး။
ဖားဖို သဖွယ် ရင်အုပ်ကြီးကြွတက် လာလိုက်၊ လျော့ကျသွား လိုက်နဲ့ အသက်ကို ခက်
ခက်ခဲခဲ ရှူနေရ ပါတယ်။ ကျွန်တော်ဟာ သူရဲ့ နောက်ဆုံး ထွက်သက်ကို ရင်တမမနဲ့
စောင့်မျှော် နေရပါတယ်။ကံ ကံ၏ အကျိုးကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ နောက်ဆုံး အချိန်ရောက် ခဲ့လျှင် "ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဘဝကို ကျေနပ်စွာ တည်ဆောက် နိုင်ခဲ့ကြပြီလား"။ "ဘဝရဲ့ ရှင်သန်ခြင်း အဓိပ္ပာယ်ကို ကောင်းစွာ နားလည် ခဲ့ကြပြီ လား"
ဦးလေးရဲ့ ဘဝကို ပြန်ပြီးတွေးမိတော့ ဦးလေးဟာ ပြည့်စုံတဲ့ ဘဝမှာ ကြီး ပြင်းလာ ခဲ့ပါတယ်။ မိတ်ဆွေတွေလည်း ပေါပါတယ်။ တစ်ခါတလေ တော့လည်း အထီးကျန် လှပါတယ်။ စွန့်စွန့်စားစား၊ ပင် ပင်ပန်းပန်းလည်း ဘာမှမလုပ်ခဲ့ ရပါဘူး။ တစ်ဦးတည်းသော အစ်မဖြစ်သူရဲ့ ပျိုး ထောင်မှုအောက်မှာ ကြီးပြင်းလာပြီး၊ အိမ်ထောင်ရေး ကိုလည်း အစ်မဖြစ်သူကို ငဲ့ပြီး လူပျိုကြီး အဖြစ် တည်ရှိခဲ့ ပါတယ်။
စီးပွားရေး ကိုလည်း သမားရိုးကျ အ ရောင်းအဝယ် လုပ်ပြီး မောင်နှမနှစ် ယောက် နေထိုင် ခဲ့ကြပါတယ်။ သူမြတ်နိုး ခဲ့တဲ့သူတော့ ရှိခဲ့ပေမယ့် မိခင်လိုဖြစ်နေ တဲ့ အစ်မကြီးအတွက် စွန့်လွှတ်ခဲ့ပုံရပါ တယ်။ အစ်မဖြစ်သူ ပြီးခဲ့တဲ့ ငါးနှစ်ခန့်က ကွယ်လွန်သွားတော့ ပိုပြီး အထီးကျန် လာပါတယ်။ အစ်မနဲ့ နေထိုင်ခဲ့တဲ့ နယ်က အိမ်ကလေးမှာပဲ ဖြစ်သလို နေခဲ့ပါတယ်။ ကျွန်တော် တို့ဆီ ရံဖန်ရံခါပဲ ရောက်ခဲ့ပါ တယ်။ ခေတ်အခြေ အနေတွေရဲ့ ပြောင်း လဲမှုတွေမှာ ခါးခါးသီးသီး ခံစားခဲ့ရပုံရပါ တယ်။
လွန်ပြီးတဲ့ နောက်ပိုင်း ကျွန်တော့် အတွေး ထဲမှာ သေခြင်း တရားဟာ ဘဝရဲ့အဓိ ပ္ပာယ်ကို ဖော်ညွှန်းလေ သလားလို့ တွေးမိ ပါတယ်။ ဦးလေးရဲ့ ရုပ်ကလာပ်ကို ကြည့် ပြီးတော့လည်း တွေးမိပါတယ်။ သေခြင်း တရားဟာ လူတစ်ဦးရဲ့ တန်ဖိုးကို ပိုင်း ဖြတ်သွားသလား ဆိုတာပါပဲ။ ဆရာ တော်ကလည်း အမြဲသတိပေးလေ့ရှိပါ တယ်။ "မျက်လုံးမမှိတ်မီ မိမိဘာအတွက် အသက်ရှင်နေလဲ သိအောင်လုပ်ကြဖို့" တိုက်တွန်းလေ့ ရှိပါတယ်။
ဘဝတစ်ခုကို ကွယ်လွန်ပြီးမှ တန်ဖိုးသတ်မှတ်မယ့် အစား ကျွန်တော်တို့ဟာ သက်ရှိ ထင်ရှား ရှိစဉ်မှာရော မိမိတန်ဖိုးကို မိမိတည်ဆောက်ခွင့်ကို အမှတ်တမဲ့ မနေဘဲ အမြဲမမြတ် သတိထားနေရင် မကောင်းဘူး လားလို့ ဆက်တွေး နေမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သေအံ့မူး မူးကာလကို မှန်းဆပြီး ခံစားကြည့်မိပါ တယ်။ အောင်မြင်မှု ဆိုတာ တကယ် တော့ ရည်မှန်းချက် မဟုတ်ပါဘူး။
ကျွန် တော်တို့ရဲ့ဆောင်ရွက်ချက် တွေရဲ့ အ သီးအပွင့် တစ်ခုမျှသာ ဖြစ်ပါတယ်။ ကျွန် တော်တို့ ရှင်ဆဲ ကာလမှာ ကျွန်တော်တို့ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဆက်ဆံရတဲ့ သူတွေရဲ့ အ ကျိုးကို ဘယ်လို ဘယ်နည်းနဲ့ ဆောင်ရွက် နိုင်သလဲဆိုတာ ဘဝရဲ့ အဓိပ္ပာယ်ပါ။ ဆရာ ဇော်ဂျီရဲ့ ကဗျာထဲကလို မိမိရဲ့တန်ဖိုးဟာ ပြည့်တန်ဖိုးနဲ့ ပြည့်အကျိုးကို ကိုယ်ဘယ် လို ဆောင်ရွက်နိုင်ခဲ့ သလဲဆိုတဲ့ အပေါ်မှာ အဓိက မူတည်နေပါတယ်။
ဒီလို မရဏာနုဿတိကို ဆက်ပြီး အတွေး နယ်ချဲ့မိပါတယ်။ "ဘဝ"ဆိုတာ ကြီးကျယ်လွန်းရင် ကျွန်တော်တို့ရဲ့ မနက် ဖြန်ခါအထိပဲ စဉ်းစားကြည့်ရင်ရော မဖြစ် နိုင်ဘူးလားလို့ တွေးမိ ပါတယ်။ ကျွန်တော် တို့ရဲ့ လုပ်ငန်းခွင်မှာ၊ မိသားစု အတွင်းမှာ၊ ဌာနတွင်းမှာ မနက်ဖြန်မှာ ကိုယ့်အပေါ် ဘယ်လိုတန်ဖိုး ထားနေကြသလဲဆိုတာ ပ ကတိစဉ်းစားကြည့် မိပါတယ်။ ကျွန်တော် တို့တစ်တွေ စဉ်းစားလေ့ရှိတာက ငါမရှိ ရင် ဒုက္ခဖြစ်မယ်ဆိုပြီးပဲ "အတ္တ" ကို ပင် တိုင်ထား စဉ်းစားလေ့ ရှိပါတယ်။
တကယ် တော့ လူ့အသိုင်းအဝိုင်း အဖွဲ့အစည်း အတွင်းမှာ ကောင်းကျိုးရဖို့ မိမိက ဘာဆောင်ရွက် ပြီးပြီလဲ။ ဘာဆောင်ရွက်နေသလဲ ဆိုတာ"ဘဝ" ရဲ့ အဓိက တန်ဖိုး ဖြစ်နေပါတယ်။ တကယ်တော့ " မနက်ဖြန်" ဆိုတာ "ဒီနေ့ "ုပြီးရင် နောက်နေ့ပါပဲ။ နီးနီလေးပါ။ "ဒီနေ့ ငါဘာလုပ် သလဲ ဆိုတာဟာ အရေးကြီး ပါတယ်။ " လူသားတိုင်းရဲ့ တန်ဖိုးနဲ့ အကျိုးကို ယနေ့ ကျွန်တော်တို့ ဆောင်ရွက်ကြပါ စို့ " တိုက်တွန်း မိပါ၏။
ဒေါက်တာဇော်စိန်လွင်








0 comments:
Post a Comment