ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ၎င်းနှင့် အာစင်ဝင်းဂါးတို့ကြားပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း ပြောခဲ့ကာ အာစင်ဝင်းဂါးမှာလူကောင်းတစ်ဦးဖြစ်ကြောင်း ချီးမွန်းသွားခဲ့သည်။ ချဲလ်ဆီး နည်းပြအဖြစ် ပထမအကြိမ် မော်ရင်ဟို တာဝန်ယူခဲ့စဉ်က ၎င်းတို့နှစ်ဦးကြား ပြဿနာများ ရှိခဲ့ပြီး အာစင်ဝင်းဂါးမှာ ကိုယ်တိုင် မစွမ်းဆောင်နိုင်သည့် ကိစ္စအတွက် သူတစ်ပါး လုပ်ပြသည်ကိုသာ ကျေနပ်နေရသူဖြစ်ကြောင်း
မော်ရင်ဟိုကဝေဖန်ခဲ့ဖူးသည်။ သို့သော် ပရီးမီးယားလိဂ် ဘောလုံးလောကမှ ထွက်ခွာခဲ့ချိန်နောက်ပိုင်း မိမိတို့နှစ်ဦးကြား ဆက်ဆံရေး ကောင်းမွန်လာခဲ့ပြီး ညစာအတူ စားခဲ့သည့်အချိန်များပင်ရှိကြောင်း
မော်ရင်ဟိုက ပြောခဲ့သည်။
မော်ရင်ဟိုက“ သိပ်ခင်ပြီး အပြန်အလှန်လေးစားမှု ရှိတဲ့သူတွေတောင် တစ်ယောက်မကြိုက်တာကို ပြောမိကြသေးတာပါပဲ။ ကျွန်တော်တို့ ဖြစ်ခဲ့တာတွေက ဘောလုံး လောကမှာဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတွေပါ။ ဒါပေမဲ့ အင်္ဂလန်ကနေ ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း အာစင်ဝင်းဂါးနဲ့ ဆက်ဆံရေး ပိုကောင်းလာခဲ့ပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သူ့ကို ကျွန်တော် လေးစားပြီး အမြဲထုတ်ပြခဲ့ပါတယ်။ ကျွန်တော် ခင်သလို သူပြန်ခင်လိမ့်မယ်လို့လည်း ခံစားနေရပါတယ်”ဟု ပြောခဲ့ခြင်းဖြစ်သည်။
zaw zaw tun








0 comments:
Post a Comment