-->

Tuesday, July 23, 2013

ဆီးဂိမ်းအခွေ ဝယ်လျှင် လက်မှတ် မလိုဘဲ ဂီတပွဲကြည့်နိုင်

ဆီးဂိမ်းအခွေ ဝယ်လျှင် လက်မှတ် မလိုဘဲ ဂီတပွဲကြည့်နိုင်သြဂုတ် ၂ဝ ရက်တွင် ထွက်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း သီချင်းခွေ ဝယ်ယူသူတိုင်းသည် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည့် ဆီးဂိမ်းအကြို နှိုးဆော်ဂီတ ဖျော်ဖြေပွဲကို လက်မှတ် မလိုဘဲ ကြည့်ရှုနိုင်ကြောင်း ဆီးဂိမ်း အခွေစီစဉ်သည့် ADMA မီဒီယာမှ ဦးဝေမင်းမောင်က ပြောကြားခဲ့သည်။
ဆီးဂိမ်း အခွေတွင် သီချင်း ၁၃ ပုဒ် ပါဝင်ပြီး Bo Bo Entertainment မှ ဖြန့်ချိမည် ဖြစ်ကြောင်းသိရသည်။ တေးသံ ရှင်များမှာ နောနော်၊ သအို၊ ထွန်းထွန်း၊ ကောင်းကောင်း၊ မြင့်မြတ်၊ ရဲလေး၊ Snare၊ သျှီ၊ ဇမ်နူး၊ အိုင်းရင်း ဇင်မာမြင့်၊ Jenny နှင့် မို့မို့လွင်တို့ ပါဝင်ကြောင်း သိရသည်။
ဂီတဖျော်ဖြေပွဲကို သြဂုတ် ၂၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကာ လက်မှတ်များကို City Mart များနှင့် City Center တို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးကလည်း လက်ရှိတွင် ဆီးဂိမ်းအဖွင့်၊ အပိတ်သီချင်း အဖြစ် အသုံးပြုရန် လက်ရွေးစင် သီချင်း ၁ဝ ပုဒ် ရွေးချယ်ထားပြီး ဖြစ်ကြောင်း ပြောကြား သည်။
ADMA မီဒီယာသည် ဆီးဂိမ်းအကြို နှိုးဆော်ပွဲများ စီစဉ် ကျင်းပခဲ့ရာ အထက်ပါ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည့်ပွဲနှင့် ဆိုလျှင် စုစုပေါင်း ဂီတ ဖျော်ဖြေပွဲ ၁၂ ပွဲရှိပြီ ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အောက်တိုဘာတွင်လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံငါးနိုင်ငံ ပူးပေါင်းကျင်းပမည့် ဂီတ ဖျော်ဖြေပွဲ ကိုလည်း ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
Credits:MWD

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks