ဖုန်းဆင်းကတ် ပျောက်၍ ဆက်သွယ်ရေးရုံးတွင် သွားရောက် လျှောက်ထားသည့်အခါ
ဆင်းကတ် ပျောက်သူ ကိုယ်တိုင် မဟုတ်ပါက တစ်ပတ်ခန့် စောင့်ဆိုင်းရကြောင်း
သိရသည်။
”ကိုယ်စား သွားလျှောက်ရင်တော့ တစ်ပတ်လောက်တော့ စောင့်ရတယ်။ ကိုယ်တိုင်သွားလျှောက် သူတွေလည်း နေ့ချင်းပြီး ဆိုပေမဲ့ နေ့ဝက်လောက် အချိန်ကုန်တယ်။ ရုံးချိန်က နံနက် ၁ဝ နာရီကနေ မွန်းလွဲ ၂ နာရီခွဲအထိ လုပ်ပေးတယ်။ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ နားတယ်။ ထပ်ထားတဲ့ လျှောက်လွှာတွေကို တစ်ဦးချင်း စစ်ပြီး လိုအပ်တာတွေ ထပ်ရေးထပ်ဖြည့်နဲ့ ဆိုတော့ အချိန်တော်တော် ကြာပါတယ်။ တချို့ဆိုရင် နောက်ဆုံး ဆက်သွယ်ခဲ့တဲ့ ဖုန်းနံပါတ်နဲ့ နေ့စွဲ၊ ဆက်သွယ်မှုများတဲ့ ဖုန်းနံပါတ်တွေကို ချရေးခိုင်းတာ မျိုးတွေ ရှိနေတော့ မမှတ်မိလို့ အချိန်ကြန့်ကြာတာ မျိုးတွေလည်း ရှိပါတယ်” ဟု ဖုန်းဆင်းကတ် ပျောက်၍ သွားရောက် လျှောက်ထားခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။
ဖုန်းဆင်းကတ် ပျောက်၍ လျှောက်ကြရာတွင် မသမာသော နည်းလမ်းဖြင့် လာရောက် လျှောက်ထားသူ များလည်း ရှိနေပြီး နောက်ဆုံး ဆက်သွယ်ခဲ့မှုများကို ကွန်ပျူတာဖြင့် ပြန်လည် စစ်ဆေးမှုများ ရှိကြောင်း သိရသည်။
မင်းကနောင်
Credits: MWD








0 comments:
Post a Comment