-->

Tuesday, July 2, 2013

ဖက်ရှင်ဆိုင်အတွက် အသုံးဝင်မည့် ကြည့်မှန်

By ရိုးရာလေး

shirtပြချင်တာကတော့ မှန်အကြောင်းပါဗျာ။ အစကတော့ ပုံလေးကို ဖုံးဖုံး ဖိဖိ လုပ်ပေးမလို့ပါပဲ။ ထားလိုက်ပါတော့။
အဲ့မိန်းခလေး ကြည့်နေတာ မှန်က ဂျပန်နိုင်ငံက Digital Fashion Co.Ltd., က ထုတ်တာ ဖြစ်ပါတယ်။ ကိုယ်က ဘာအဝတ်မှ ဝတ်မထား ရင် တောင် မှန်က သူ့ပါသူ အဝတ်ဝတ်ပြီးသား ပုံရိပ်တွေ ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ကောင်းကျိုးကတော့ ဆိုင်ပိုင်ရှင်တို့အနေနဲ့ သူတို့အဝတ်တွေကို တစ်ယောက်ပြီးတစ်ယောက် လာဝတ်သွားတာမျိုး မဖြစ်တော့ဘူ။ လာဝတ်သူများကလည်း အချိန်အများကြီး ပေးနေစရာ မလိုတော့ပဲ ဖန်သား မျက်နှာပြင်ပေါ်မှာ တစ်ထည်ပြီး တစ်ထည့် ပြောင်းလဲတာကို အလွယ် တကူ လုပ်လို့ ရပါတယ်။ ဆိုင်မှာ ရှိမယ့် အထည်များကို တော့ ကွန်ပြူတာ မှတ်ဥာဏ်ထဲမှာ 3D ဒီဇိုင်း ရုပ်ပုံ အဖြစ် အားလုံး သိမ်းဆည်းထားပေးဖို့တော့ လိုအပ် ပါတယ်။
Xbox ဂိမ်းဆော့ရသလိုပါပဲ။ လက်ကလေး ဝှေ့ရမ်းလိုက်ရုံနဲ့ တစ်ထည်ပြီး တစ်ထည် ပြောင်းလဲ ပေးပါတယ်။ ကင်မရာက ကိုယ့်ရဲ့  ဘော်ဒီအချိုးအစစ်ကို မှတ်သားပြီး LCD မျက်နှာပြင်မှာ တိတိကျကျ ပေါ်စေပါတယ်။ အနာဂတ် မှာ ကမ္ဘာတစ်ဝန်းက ဖက်ရှင် အထည်ဆိုင်တိုင်းမှာ အသုံးပြုစေနိုင်ရန် မျှော်လင့်ထားကြောင်း သိရ ပါတယ်။
အသုံးပြုပုံကို အောက်ပါ လခ့်က ဗီဒီယိုမှာ ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/aYiIMlmB5Gw

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks