-->

Tuesday, July 2, 2013

အနာဂတ် ရဲ့  Windows Phone

By ရိုးရာလေး

windphone၂၀၀၉ ခုနှစ်က ရုံတင်ခဲ့တဲ့ အက်ရှင်ကား Echelon Conspiracy ကို စာဖတ်သူ အချို့ ကြည့်ဖူးမယ်ထင်ပါတယ်။
ဇာတ်လိုက်မင်းသား ကိုင်တဲ့ ဖုန်းဟာ ယခု ဖော်ပြပါပုံထဲက အတိုင်းပါပဲ။ ဖန်ပြားကြီး တစ်ချပ်အလား ဘာခလုပ်မပါ၊ ကျရင်တောင် ကွဲနိုင်တဲပုံစံ မျိုး ဖြစ်ပါတယ်။
အဲဒါကို Window Phone ပါလို့ တီထွင်သူတို့က ဆိုပါတယ်။ မိုးရွာတဲ့နေ့ဆိုရင် ဖန်သားပြင်မှာ မိုးသီးပေါက်လေးတွေ ပေါ်နေ မယ်။ နှင်းကျတဲ့နေ့ဆို ရင် ရေငွေ့ ရိုက်နေမယ်။ အစရှိသဖြင့် မျက်နှာပြင်က လိုသ လို ပြောင်းလဲနေပါမယ်
ဖုန်းဆက်ဖို့၊ Message ရိုက်ဖို့ ဘာခလုပ်မှမပါ။ လက်မှာ ကိုယ်ရိုက်ချင်တဲ့ အက္ခရာမှန်းပြီးရိုက်ရင် ဖန်သားမှာ အလိုလိုပေါ်မှာ ဖြစ်ပါတယ်။ အက္ခရာ 8 ဆို ဖန်သားမှာ 8 ပေါ်ပါမယ်။ အသဲပုံပုံစံရေး ဆွဲလိုက်ရင် Message မှာ အသဲပုံလေး ပါလာမယ်။
အစရှိသဖြင့် User interface ကို အပြင်လောကနဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆွဲဆန့်ပေးထားပါတယ်။
ဒီလို နည်းပညာနဲ့ ထွက်ရှိမယ့် ဖုန်းက ဘယ်လို သတ္တုတွေကို သုံးမလဲ။ ဟိုဘက်ဒီဘက် ထိုးထွင်းမြင်နေတဲ့ ဖန်သားထဲ ဘယ်လို နာနိုနည်းပညာတွေ၊ Chip တွေ ထည့်သွင်းမလဲ၊ Laser Printed နည်းပညာ တစ်ခုတည်းနဲ့ လုံလောက်ရဲ့ လား အစရှိသဖြင့် ဇဝေဇဝါ ဖြစ်စရာ မေးခွန်း တွေ ထွက်လာပါတယ်။
သို့ပေမယ့် သာမန်ထက် လွန်ကဲ့တဲ့ feature တွေနဲ့ Window Phone ကို မဝေးတော့မယ့် အနာဂတ် မှာ မြင်တွေ့ ရမယ်ဆိုတာကိုတော့ အများစုက ယုံကြည်နေကြပါတယ်။
------
Ref:coolestgadget.com

0 comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks